realme က မနက်ဖြန် တရုတ်မှာ realme X7 , X7 Pro တို့ကို ကြေညာတော့မှာကို စာဖတ်သူတွေ အသိပါ။ အခုတော့ တရုတ် Tipster ၁ ယောက်က အဲဒီဖုန်းတွေနဲ့အတူ နောက်ထပ် 5G ဖုန်း ၁ လုံးကိုလည်းမိတ်ဆက်မယ်လို့ သတင်းပေးလာပါတယ်။ အဲဒီဖုန်းဟာ realme V3 ဖြစ်နိုင်ပြီး ယွမ် ၁,၀၀၀ ပဲ ရှိမယ်လို့ပြောတဲ့အတွက် ဈေးအချိုဆုံး 5G ဖုန်းအနေနဲ့ ပွဲထွက်လာနိုင်ပါတယ်။ မြန်မာငွေ ၂ သိန်းလောက်နဲ့ 5G ဖုန်း ကိုင်နိုင်တော့မှာပါ။

တရုတ်က TENAA မှာ  RMX2176, RMX2121 နဲ့ RMX2200 / RMX2201 စတဲ့ ဖုန်း မော်ဒယ် ၃ လုံးကိုတွေ့လာရပြီး ပထမ ၂ လုံးက realme X7 နဲ့ X7 Pro ဖြစ်ပါတယ်။ တတိယ ၁ လုံးရဲ့ Specs တွေက ပိုနိမ့်နေပြီး အဲဒါဟာ realme V3 ဖြစ်နိုင်ပါတယ်။

TENAA က စာရင်းအရ realme RMX2200 / RMX2201 မှာ ၆.၅၂ လက်မ IPS LCD HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 4,890mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ 3C မှာ 18W Fast Charger ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ 2.0GHz Octa-core Processor မောင်းနှင်ထားမယ်လို့ ဖော်ပြထားတဲ့အတွက် Dimensity 720 5G Chipset ဖြစ်နိုင်ပါတယ်။

4GB, 6GB , 8GB RAM နဲ့ 64GB, 128GB Storage တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ Android 10 OS ပါလာနိုင်ပြီး အနောက်ဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ ကင်မရာအကြောင်း ပြောရရင် အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP , 2MP ,2MP ၃ လုံး ပါလာနိုင်ပါတယ်။

Ref : gizmochina