မကြာခင်က realme GT Neo 5 ကို တရုတ်က TENAA က ခွင့်ပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တခြား realme Device ၂ လုံး TENAA မှာ ထွက်ပေါ်လာပြီး RMX3618 နဲ့ RMX3619 မော်ဒယ်နံပါတ်တွေ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေဟာ V Series အနေနဲ့ထွက်လာမှာ ဖြစ်ပါတယ်။

Realme V30 TENAA images

ယုံကြည်ရတဲ့ Tipster WHYLAB က RMX3618/9 ကို တရုတ်မှာ realme V30 အမည်နဲ့ ကြေညာမယ်လို့ ပြောပါတယ်။

realme V30 မှာ ၆.၅၁ လက်မ Waterdrop Notch မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး HD+ (720x1600p) Resolution ပါလာမှာပါ။ TENAA က စာရင်းအရ 2.2GHz Octa-core Processor မောင်းနှင်ထားမှာ ဖြစ်ပေမယ့် အမည်အတိအကျကို မသိရသေးပါဘူး။

Realme V30 pops up on TENAA with key specs - GSMArena.com news

V30 အတွက် 4GB, 6GB, 8GB RAM နဲ့ 64GB, 128GB , 256GB Storage Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Android 13 OS အခြေပြု realme UI ထည့်သွင်းထားမှာပါ။ Storage ကို တိုးမြှင့်ဖို့အတွက် microSD Card စိုက်နိုင်မှာပါ။

V30 ရဲ့ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP အပါအဝင် ကင်မရာ ၂ လုံး ပါလာမှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ 3C က စာရင်းအရ 10W Charging ပါလာမှာပါ။

V30 ရဲ့ အရွယ်အစား အပြည့်အစုံက 164.4 x 75.1 x 8.1 mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်မှာပါ။ TENAA က ဓါတ်ပုံအရ အနောက်ဘက်ဟာ Two-tone ဒီဇိုင်း ဖြစ်ပြီး လက်ရှိမှာ ဈေးနှုန်းအကြောင်း မသိရသေးပါဘူး။ တရုတ်နှစ်ကူး မတိုင်ခင် အဲဒီဖုန်းကို ကြေညာနိုင်ပါတယ်။

Ref : gizmochina