၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ realme ဟာ မျက်နှာပြင် အဝိုင်းနဲ့ Sports Mode ပေါင်း ၁၁၀ ကျော်ပါတဲ့ realme Watch T1 ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စမတ်နာရီကို တရုတ်မှာပဲ ရောင်းချခဲ့ပြီး နိုင်ငံတကာမှာ မရောင်းချခဲ့ပါဘူး။  ဒါပေမယ့် RMW2103 မော်ဒယ်နံပါတ် ပါတဲ့ realme Watch ၁ လုံးကို အရင်က အိန္ဒိယရဲ့ BIS မှာ တွေ့ခဲ့ရပြီး အဲဒါဟာ Watch T1 လို့ ပြောကြပါတယ်။ အခုတော့ အဲဒီ မော်ဒယ်နံပါတ်ပါတဲ့ စမတ်နာရီကို EEC မှာ မှတ်ပုံတင်ထားတဲ့အတွက် နိုင်ငံတကာမှာ ကြေညာဖို့ နီးလာပါပြီ။

Tipster Piyush Bhasarkar က အဲဒီ မှတ်ပုံတင် စာရင်းကို အရင်ဆုံး တွေ့ခဲ့တာ ဖြစ်ပါတယ်။ စာရင်းမှာ စမတ်နာရီရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မဖော်ပြထားပေမယ့် နိုင်ငံတကာမှာ ရောင်းချမယ်ဆိုတာကို အတည်ပြုထားပါတယ်။ နာမည်အရ အဲဒီ စမတ်နာရီဟာ realme Watch T1 ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်လာနိုင်ပါတယ်။ Watch T1  တရုတ် Version ရဲ့ မော်ဒယ်နံပါတ်က RMW2102 ဖြစ်ပါတယ်။

နိုင်ငံတကာ မော်ဒယ်ရဲ့ Specs တွေဟာ တရုတ် မော်ဒယ်နဲ့ တူညီနိုင်ပါတယ်။ တရုတ် မော်ဒယ်မှာ ၁.၃ လက်မ မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပြီး Resolution က 416x416p ဖြစ်ပါတယ်။ Always On Display နဲ့ NFC ထောက်ပံ့ထားပါတယ်။

Sports Mode ပေါင်း ၁၁၀ ကျော်နဲ့ Watch Face ပေါင်း ၅၀ ကျော် ထည့်သွင်းထားပြီး Bluetooth 5.0 အကူအညီနဲ့ Bluetooth Calling လုပ်ဆောင်ချက် ပါပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး ၇ ရက် သက်တမ်းရှိတဲ့ 228mAh ဘက်ထရီ ပါပါတယ်။ အချိန်ပြည့် နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ လုပ်ဆောင်ချက်၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တွက်ချက်ပေးတဲ့ SpO2 Sensor နဲ့ အိပ်စက်မှု အခြေအနေကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina