Realme က Android 10 အခြေပြု Realme UI ကို ကုမ္ပဏီရဲ့ ဖုန်းအများစုအတွက် ဖြန့်ချိပေးမယ်လို့  ကတိပေးထားပြီး အခုတော့ Realme X နဲ့ Realme 5 Pro တို့ရဲ့ အလှည့်ကို ကျရောက်လာပါပြီ။ အိန္ဒိယက အဲဒီ စမတ်ဖုန်း ကိုင်ထားသူတွေဟာ Update ရတော့မယ်ဆိုတဲ့ Notification တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရရှိခဲ့ကြပါတယ်။ Update ဟာ နောက်ဆုံးထုတ် Android 10 OS ကို အခြေပြုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Update တွေရဲ့ နာမည်က Realme X အတွက် RMX1901EX_11_C.01 နဲ့ Realme 5 Pro အတွက် RMX1971_EX_11_C.01 တို့ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားက တူညီပြီး 3.51GB ဖြစ်ပါတယ်။ Update မှာ User Interface ကို ဆန်းသစ်ထားမှာ ဖြစ်ပြီး Realme က Custom UI ကို မိတ်ဆက်ပွဲမှာ ကြေညာထားတဲ့ အဓိက လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပါတယ်။

Realme UI မှာပါတဲ့ အလန်းစား လုပ်ဆောင်ချက် ၁ ခုက Personal Information Protection ဖြစ်ပြီး သင့် ကိုယ်ရေးကိုယ်တာ ဒေတာတွေကို Pages နဲ့ Apps တွေက ရယူတာကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Call History , Contacts နဲ့ Messages တွေကို လုံခြုံစေတာ ဖြစ်ပါတယ်။

အရင်က ကြေညာထားချက်အရ အခုဖုန်းတွေပြီးရင် Update ကို Realme X2 နဲ့ Realme X2 Pro တို့ ရကြမှာ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးအတွက် Beta Version ကို ဖြန့်ချိပေးထားပြီးပြီ ဖြစ်ပြီး နောက်လမှာ Stable Version ကို ရတော့မှာပါ။

Ref : gsmarena