Realme အမှတ်တံဆိပ် စမတ်ဖုန်းသစ်တစ်လုံးဟာ မော်ဒယ်နံပါတ် RMX2121 နဲ့ TENAA ပလက်ဖောင်းပေါ် ရောက်ရှိလာခဲ့ပါတယ်။ ဒီဖုန်းဟာ Realme X3 စီးရီးရဲ့ Flagship မော်ဒယ်ဖြစ်တဲ့ X3 Pro ဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းနဲ့ Specs တွေကိုလည်း ဖော်ပြလာခဲ့ပါတယ်။

Realme X3 Pro မှာ 6.5” Display တစ်ခု ပါဝင်ပြီး Punch-hole ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ ကိုယ်ထည်အချိုးက 160.8 x 75.2 x 8.5mm ပါ။ သူ့မှာ Dual-mode 5G ထောက်ပံ့ပေးပြီး 2,200 mAh Dual-cell ဘက္ထရီတစ်ခုလို့ ဖော်ပြထားကာ စုစုပေါင်း ဘက္ထရီအားကို မဖော်ပြထားပေမယ့် စုစုပေါင်း 4,400 mAh လို့ ယူဆရပါတယ်။

နောက်ဘက်မှာတော့ ကင်မရာလေးလုံးနဲ့ Flash တစ်ခုအတွက် လေးထောင့်ပုံစံ Island တစ်ခုကို တွေ့ရမှာပါ။ Realme X3 Pro ဟာ Android 10 အခြေခံထားတဲ့ Realme UI နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။

X3 Pro ဟာ AnTuTu ပလက်ဖောင်းပေါ်ကိုလည်း အလည်ရောက်ခဲ့ပြီးဖြစ်ကာ သူ့မှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ UFS 3.1 Storage ယူနစ်တို့ အသုံးပြုထားတာ တွေ့ခဲ့ရပါတယ်။

Ref – GSMArena