Unicode

ယမန်နေ့က Realme X50 5G ရဲ့ ဒီဇိုင်းကို ပြသထားတဲ့ ပထမဆုံး တရားဝင်ပိုစတာထွက်ရှိလာခဲ့ပြီး Polar ကာလာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် စမတ်ဖုန်းရဲ့ဘေးဘက်မှာ Fingerprint ကိုထည့်သွင်းလာတဲ့ Live-image အချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။

ယနေ့မှာတော့ နောက်ထပ် တရားဝင်ပုံရိပ်အသစ်တွေ ထပ်ထွက်လာခဲ့ပြီး X50 5G မှာ Fingerprint Scanner ကို ဘေးဘက်မှာ ထည့်သွင်းလာမယ်ဆိုတာ သေချာသွားပါပြီ။ ဖုန်းရဲ့ညာဘက်ခြမ်းမှာရှိတဲ့ Power ခလုတ်ပေါ်မှာ တစ်ပါတည်း ထည့်သွင်းလာတာဖြစ်ပြီး Realme အတွက်တော့ ပထမဆုံးအကြိမ် Side-mounted Fingerprint နဲ့ စမတ်ဖုန်းကို ထုတ်လုပ်လိုက်တာပါ။

Realme X50 5G စမတ်ဖုန်းဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပြီး ကုမ္ပဏီက Specs အချို့ကို အတည်ပြုပြီးပါပြီ။ X50 5G ဖုန်းမှာ Snapdragon 765G ချစ်ပ်ဆက်၊ Dual-selfie ကင်မရာ၊ နှစ်ရက်ထိ ခံမယ့် ဘက္ထရီသက်တမ်းနဲ့ VOOC 4.0 အားသွင်းစနစ်တို့ ပါဝင်မှာပါ။

Ref – GSM Arena

Zawgyi

ယမန္ေန႔က Realme X50 5G ရဲ႕ ဒီဇုိင္းကို ျပသထားတဲ့ ပထမဆုံး တရားဝင္ပုိစတာထြက္ရွိလာခဲ့ၿပီး Polar ကာလာ ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ စမတ္ဖုန္းရဲ႕ေဘးဘက္မွာ Fingerprint ကိုထည့္သြင္းလာတဲ့ Live-image အခ်ဳိ႕လည္း ထြက္ေပၚလာခဲ့ပါတယ္။

ယေန႔မွာေတာ့ ေနာက္ထပ္ တရားဝင္ပုံရိပ္အသစ္ေတြ ထပ္ထြက္လာခဲ့ၿပီး X50 5G မွာ Fingerprint Scanner ကို ေဘးဘက္မွာ ထည့္သြင္းလာမယ္ဆုိတာ ေသခ်ာသြားပါၿပီ။ ဖုန္းရဲ႕ညာဘက္ျခမ္းမွာရွိတဲ့ Power ခလုတ္ေပၚမွာ တစ္ပါတည္း ထည့္သြင္းလာတာျဖစ္ၿပီး Realme အတြက္ေတာ့ ပထမဆုံးအႀကိမ္ Side-mounted Fingerprint နဲ႔ စမတ္ဖုန္းကို ထုတ္လုပ္လိုက္တာပါ။

Realme X50 5G စမတ္ဖုန္းဟာ ဇန္နဝါရီလ ၇ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာေတာ့မွာျဖစ္ၿပီး ကုမၸဏီက Specs အခ်ဳိ႕ကို အတည္ျပဳၿပီးပါၿပီ။ X50 5G ဖုန္းမွာ Snapdragon 765G ခ်စ္ပ္ဆက္၊ Dual-selfie ကင္မရာ၊ ႏွစ္ရက္ထိ ခံမယ့္ ဘကၳရီသက္တမ္းနဲ႔ VOOC 4.0 အားသြင္းစနစ္တုိ႔ ပါဝင္မွာပါ။

Ref – GSM Arena