ပြီးခဲ့တဲ့ရက်သတ္တပတ်က Realme ရဲ့ ဥရောပကုမ္ပဏီခွဲအကောင့်ဟာ မကြာခင်ထွက်ရှိလာမယ့် Flagship စမတ်ဖုန်း Realme X50 Pro 5G ရဲ့ နိုင်ငံတကာမိတ်ဆက်ရက်ကို အရင်ဆုံး Tease လုပ်တဲ့အနေနဲ့ တွစ်တာပေါ်မှာ တင်ခဲ့ပြီး MWC ပွဲတော်ကိုလည်း ပထမဆုံးအကြိမ်တက်ရောက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ယနေ့မှာတော့ ကုမ္ပဏီဟာ ဒါကို တရားဝင်အတည်ပြုတဲ့အနေနဲ့ ဖိတ်စာတွေကို ပေးပို့လာခဲ့ပြီး ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC 2020 ပွဲတော်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ဖော်မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။ Realme ဟာ ဒီပွဲတော်မှာ Snapdragon 865 အသုံးပြုလာတဲ့ စမတ်ဖုန်းတွေထဲက ဦးဆုံးမျိုးဆက်ထဲ အပါအဝင်ဖြစ်လာမယ့် ဟန်းဆက်ကို မိတ်ဆက်လာမှာပါ။

အခုချိန်မှာ Realme အနေနဲ့ MWC ပွဲတော်မှာ Flagship ကို ပြသဖို့ အတည်ပြုလာတာဟာ ဖိအားတွေကို အနည်းငယ်လျော့ပါးသွားစေခဲ့ပါတယ်။ LG, Sony အပါအဝင် နည်းပညာကုမ္ပဏီအချို့က ကိုရိုနာဗိုင်းရပ်စ်ရန်ကို ကာကွယ်တဲ့အနေနဲ့ MWC 2020 ပွဲမှာ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ ထုတ်ကုန်တွေကို အွန်လိုင်းကနေပဲ အစားထိုး မိတ်ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ကြလို့ပါ။

ဒီဖုန်းမှာ Snapdragon 865 ချစ်ပ်ဆက်အသစ်အပြင် 12GB RAM နဲ့ 256GB Storage တို့ပါဝင်လာဖို့ကိုလည်း အတည်ပြုထားပါတယ်။ Storage ပမာဏ ဒီထက်ပိုများတဲ့ ဗားရှင်းလည်း ရှိနိုင်ပြီး စက်နှင်စနစ်ကတော့ Android 10 OS ကိုအခြေခံထားတဲ့ Realme UI ကို အသုံးပြုရမှာပါ။

Ref – GSM Arena