Google ကနေ Pixel ဖုန်းတွေအတွက် Android 11 Public Beta 1 ကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ OPPO ၊ Xiaomi နဲ့ OnePlus လိုမျိုး ကုမ္ပဏီတွေက သူတို့ရဲ့ Flagship ဖုန်းတွေကလည်း မကြာခင်မှာ Android 10 Beta 1 Update ကို ရရှိတော့မှာဖြစ်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အခုလည်း realme ကနေ သူ့ရဲ့ realme X50 Pro စမတ်ဖုန်းဟာ လာမယ့်ဇူလိုင်လအစောပိုင်းမှာ Android 11 Beta 1 Update ကို ရရှိသွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ အဲ့ဒီအတွက် realme ဟာ တခြားသော ကုမ္ပဏီကြီးတွေနဲ့အပြိုင်ကို Android Update ရရှိအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

လောလောဆယ်မှာ realme X50 Pro ဟာ Android 10 ကို အခြေခံထားတဲ့ Android 10 ကို အသုံးပြုထားတာဖြစ်ပြီးတော့ ဒီလိုမျိုး Android 11 Beta 1 ကို ရရှိလာမယ်ဆိုပေမယ့် realme UI ဘက်မှာတော့ Feature ပိုင်းသိသိသာသာပြောင်းလဲမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Android 11 Beta 1 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Floating Notification ၊ One-time Permission နဲ့ Fast Share လိုမျိုး Feature တွေတော့ ပါဝင်လာနိုင်ပါတယ်။

realme X50 Pro 5G ဖုန်းဟာ Qualcomm Snapdragon 865 5G Chipset ၊ RAM 12GB ၊ 256GB Storage အပြင် 6.44″ Full HD+ Super AMOLED Display ၊ 64MP Quad Camera Setup နဲ့ Dual Selfie Camera Setup လည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 4200mAh Battery ပါဝင်မှာဖြစ်ပြီး 65W Fast Charging ကိုလည်း Support ပြုလုပ်နိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် realme X50 Pro 5G ဖုန်းအသုံးပြုနေတယ်ဆိုရင် မကြာခင်မှာ Android 11 ကို စမ်းသပ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Ref – GSM Arena