Realme X7 Lineup ကို လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ X7 စီးရီးကို နိုင်ငံတကာဈေးကွက်ထဲ ပို့ဆောင်မယ့်အချိန်ကိုစောင့်ဆိုင်းနေချိန်၊ အောက်တိုဘာလဆန်းမှာ Realme X7 Pro ကို ထိုင်းမှာ မှတ်ပုံတင်လိုက်တာကို တွေ့ခဲ့ကြရပါတယ်။

မော်ဒယ်နံပါတ် RMX2121 နဲ့ အတူ ထိုင်းနိုင်ငံရဲ့ NBTC မှာ တွေ့ရှိခဲ့ရပြီး၊ နှစ်လကျော်ကြာသွားချိန်မှာတော့ ထိုင်းနိုင်ငံဈေးကွက်ထဲ တရားဝင်မိတ်ဆက်လာပြီ ဖြစ်ပါတယ်။ ဒါဟာ Realme X7 Pro ရဲ့ ပထမဆုံး နိုင်ငံတကာဈေးကွက် စတင်မိတ်ဆက်ခြင်းလည်း ဖြစ်ပါတယ်။ X7 Pro ကို အဓိကအွန်လိုင်းလက်လီအရောင်းဆိုင်တွေမှာ Black နဲ့ Gradient အရောင်နှစ်မျိုးနဲ့ ရောင်းချနေပြီဖြစ်ပါတယ်။

Realme X7 Pro ဟာ Dimensity 1000+ chipset နဲ့ဖြစ်ပြီး 5G ကွန်ရက်ချိတ်ဆက်မှုကိုလည်း ထောက်ပံ့ထားပါတယ်။ ထိုင်းနိုင်ငံဟာ 5G ကွန်ရက်ရရှိတဲ့ အရှေ့တောင်အာရှနိုင်ငံအနည်းငယ်ထဲမှာ ပါဝင်ပေမယ့် 5G စမတ်ဖုန်းတွေအတွက်တော့ ကြီးမားတဲ့ဈေးကွက်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် Realme ဟာ ဈေးကွက်ချဲ့ထွင်မှုအတွက် စတင်နေတာလို့ ယုံကြည်ရပါတယ်။

Realme X7 Pro ဟာ 6.55-inch, Super AMOLED, 120Hz မျက်နှာပြင်နဲ့ဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole တစ်ခု နဲ့အတူ 32MP Selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကကင်မရာနဲ့ 8MP ultra-wide + 2MP macro + 2MP depth တို့ပါဝင်တဲ့ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ 4,500mAh ဘက်ထရီနဲ့ 65W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပြီး Under-display fingerprint တပ်ဆင်ထားပါတယ်။

ထိုင်းနိုင်ငံဈေးကွက်မှာ 8/128GB အမျိုးအစားတစ်မျိုးတည်း ရောင်းချပေးတာဖြစ်ပြီး၊ ဈေးနှုန်းက $570 (၇ သိန်း ၇ သောင်း) ဝန်းကျင် ဖြစ်ပါတယ်။

Ref: GSM Arena