realme 10 Series ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ realme ရဲ့ ဒုတိယ ဥက္ကဌနဲ့ realme International ရဲ့ အကြီးအကဲ Madhav Sheth က သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။ သူက နိုဝင်ဘာလ ၉ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင် realme 10 ရဲ့ Chipset ၊ ဘက်ထရီနဲ့ ကင်မရာတွေကို ပြောပြလိုက်ပါတယ်။

Realme's Madhav Sheth confirms Realme 10 chipset, battery and camera details - GSMArena.com news

Sheth က realme 10 မှာ MediaTek Helio G99 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB Dynamic RAM (8GB Onboard နဲ့ 8GB Virtual) ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဖုန်း ကင်မရာတွေရဲ့ သတင်းအချက်အလက်ကိုလည်း သိလာရပြီ ဖြစ်ပြီး 50MP Main နဲ့ 16MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။ ကုမ္ပဏီဟာ realme 9 ရဲ့ 108MP Main ကင်မရာနဲ့ ယှဉ်ရင် realme 10 မှာ Megapixel Count ကို လျှော့ချထားပေမယ့် ကင်မရာ စွမ်းဆောင်ရည်ကို ဦးစားပေးထားပါတယ်။ Sheth က 50MP ကင်မရာဟာ ယှဉ်ပြိုင်လို့ရတဲ့ ရလဒ်ကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Realme's Madhav Sheth confirms Realme 10 chipset, battery and camera details - GSMArena.com news

realme 10 မှာ အရင်မျိုးဆက်မှာလို 33W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။ ဂိမ်း ကစားတာ အပါအဝင် အလွန်အကျွံ သုံးရင်တောင် ဖုန်းရဲ့ ဘက်ထရီ သက်တမ်းဟာ ၁ ရက်ကောင်းကောင်း အသုံးခံမယ်လို့ သိရပြီး ၂၈ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်မှာပါ။

လက်ရှိမှာ realme 10 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မိတ်ဆက်ပွဲ မတိုင်ခင် လာမယ့် ရက်ပိုင်းအတွင်းမှာ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena