realme ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့တုန်းက realme 9i 5G စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းအပြင် realem Buds T100 Wireless Earphones တွေကိုပါ ထည့်သွင်းပေးမိတ်ဆက်ပေးသွားပေမယ့် Smart Watch ကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ realme ကနေ Flagship Model အနေနဲ့ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေပေါက်ကြားနေတဲ့ realme Watch 3 Pro ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ realme ရဲ့ ထုတ်ပြန်ချက်အရ realme Watch 3 Pro ဟာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

realme ဟာ အခု Watch 3 Pro မှာ ကြီးမားတဲ့ Display နဲ့ ပါးလွှာတဲ့ကိုယ်ထည်ကို အသုံးပြုထားမယ်လို့ Teaser ထုတ်ပြထားပြီးသားဖြစ်ပေမယ့် အဓိကအချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ Design ပိုင်းအနေနဲ့ကတော့ ဘေးဘက်မှာ Button တစ်ခုပါဝင်မှာဖြစ်ပါတယ်။ Microphone Port လည်းပါဝင်တာကိုတွေ့ရှိရတာကြောင့် ဖုန်းပြောဆိုမှုတွေကိုပါ ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။

တခြားသော Feature တွေအနေနဲ့ကတော့ OLED Display ၊ GPS အပါအဝင် Fitness Feature တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း ယခင် Watch 2 Pro ထက်ပိုပြီး ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena