realme က ပုံမှန်လှူဒါန်းပေးလျက်ရှိတဲ့ REAL HOPE အစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့သွားရောက်ကာ ကျောင်းရှိမိဘမဲ့ကလေးသူငယ်များရဲ့ဘက်စုံကိစ္စရပ်များတွင် အသုံးပြုနိုင်စေဖို့ အလှူငွေကျပ် သိန်း ၂၀ ကို realme ကသွားရောက်ကာလှူဒါန်းပေးခဲ့ပါတယ်။ realme က အခုလို လှူဒါန်းပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတုန်းက သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိတွင် ကျောင်းထိုင်ဆရာတော် ဦးပညာက ကလေးငယ်ပေါင်း ၂၅၀ ဝန်းကျင်ခန့်ကို ထိန်းသိမ်းစောင့်ရှောင်းထားပြီး အဆိုပါကလေးငယ်များထဲတွင် အထက်တန်းအဆင့် ကျား/မ စုစုပေါင်း ၆၉ဦး၊ အလယ်တန်းအဆင့် ကျား/မ စုစုပေါင်း ၇၄ဦး၊ မူလတန်းအဆင့် ကျား/မ စုစုပေါင်း ၈၀ဦးတို့နဲ့အတူ လသားအရွယ်နဲ့ အတန်းမတက်ရသေးသော ကျား/မ ကလေးငယ် စုစုပေါင်း ၂၀ ဦးတို့ပါဝင်ကြပါတယ်။ လက်ရှိအခြေအနေအရ ဆရာတော်အနေနဲ့ ကလေးငယ်များရဲ့အနာဂတ်အတွက် တတ်နိုင်သမျှကြိုးစားအားထုတ်ပေးလျက်ရှိပြီး ကလေးသူငယ်များရဲ့ရေရှည်အကျိုးကို ပိုမိုရွက်ဆောင်နိုင်စေဖို့ အလှူရှင်များကို မျှော်လင့်လိုလားလျက်ရှိပါတယ်။ သဒ္ဓါကြည်ဖြူအလှူရှင်များအနေနဲ့လည်း ကလေးငယ်များရဲ့စားဝတ်နေရေးအတွက် အာဟာရဒါနအလှူပဲဖြစ်ဖြစ်၊ ပညာသင်ကြားရေးထောက်ပံ့စရိတ်အလှူပဲဖြစ်ဖြစ် မိမိတို့တတ်နိုင်သလောက် သွားရောက်လှူဒါန်းနိုင်ဖို့ပါ ထပ်ဆင့်နှိုးဆော်ပေးလိုက်ပါတယ်။
(ဆက်သွယ်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်များ > 09-450 000 882၊ 09-799 297 884၊ 09-428 615 008 )
နောက်ပိုင်းမှာလည်း realme အနေနဲ့ နောက်ထပ်လိုအပ်လျက်ရှိတဲ့နေရာများကို REAL HOPE အစီအစဥ်ရဲ့လက်ကမ်းဝေမျှပေးလှူခြင်းအဖြစ် ဆက်လက်ကြိုးစားလုပ်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။
Media release: realme