realme ဟာ ဒီနှစ်မှာ သက်တမ်း ၄ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ OPPO လက်အောက်ကနေ Brand အသစ်အနေနဲ့ခွဲထွက်ခဲ့ပြီး သက်တမ်း ၄ နှစ်အတွင်း ကမ္ဘာအဝန်းမှာ User ပေါင်း သန်း ၁၄၀ ကျော်ကို ရခဲ့ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ နံပါတ် ၆ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်နေပါပြီ။ GSMArena နဲ့ အင်တာဗျူးမှာ realme ရဲ့ ဒုတိယ ဥက္ကဌနဲ့ realme International ရဲ့ အကြီးအကဲ Madhav Sheth က ကုမ္ပဏီရဲ့ အနာဂတ် စီမံကိန်းတချို့ကို ပြောပြခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံး Snapdragon 8+ Gen 1 ဖုန်း ဖြစ်တဲ့ realme GT 2 Master Edition ကို တရုတ်မှာ ကြေညာထားပါတယ်။ အင်တာဗျူးမှာ Sheth က realme ဟာ နိုင်ငံတကာ ဈေးကွက်အတွက် Snapdragon 8+ Gen 1 ဖုန်းကို မကြာခင် ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒါဟာ GT 2 Master Edition ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူက သတင်းအချက်အလက် အသေးစိတ်ကို မပြောပါဘူး။ realme ရဲ့ SD8+ Gen 1 ဖုန်းဟာ တူညီတဲ့ Chip ပါတဲ့ တခြားဖုန်းတွေထက် ဒီဇိုင်း ပိုကောင်းနိုင်ပါတယ်။
၂၀၂၃ ခုနှစ်မှာ realme ရဲ့ GT Series စွမ်းရည်မြင့် ဖုန်းတွေဟာ ဒီဇိုင်း၊ မျက်နှာပြင်၊ ဘက်ထရီ စွမ်းအားနဲ့ အားသွင်းနှုန်းတို့လို အပိုင်းတွေမှာ ထိပ်တန်းရောက်လာနိုင်ပါတယ်။ Number Series အတွက် ကုမ္ပဏီဟာ တစ်နှစ်ကို မျိုးဆက်တစ်ခုပဲ ရောင်းချပါတယ်။
Sheth က realme ထုတ်ကုန်တွေရဲ့ အရည်အသွေးကို ဥရောပက လူတွေ သိစေချင်တယ်လို့ ပြောပါတယ်။ ဖုန်းတွေအပြင် ကုမ္ပဏီဟာ Audio ထုတ်ကုန်၊ Wearable ၊ Notebook နဲ့ TV တို့ကို ပိုမို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီဟာ ဥရောပမှာ ကိုယ်ပိုင် စတိုးတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။
Ref : gizmochina