Nubia ရဲ့ ဥက္ကဌ Ni Fei ဟာ မနေ့က Weibo ပေါ်မှာ Red Magic 5S ရောက်ရှိလာဖို့ သတင်းအစအနကို စတင်ပြီး Tease လုပ်လာခဲ့ပါပြီ။ ဒီဖုန်းဟာ အစောပိုင်းမှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ ထွက်ခဲ့တဲ့ Red Magic 5G ရဲ့ Update ဗားရှင်း ဖြစ်လာမှာပါ။

Update ဗားရှင်းဆိုတဲ့အတိုင်း Red Magic 5S ဟာ Snapdragon 865+ ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာဖို့ မျှော်လင့်ထားရပြီး ယနေ့မှာတော့ ကုမ္ပဏီက ဒီဖုန်းမှာ LPDDR5 RAM နဲ့ UFS 3.1 Storage မန်မိုရီနည်းပညာများကို မြင်တွေ့ရမှာဖြစ်ကြောင်း ထပ်မံအတည်ပြုလာခဲ့ပြန်ပါတယ်။

Red Magic 5S ဟာ မန်မိုရီနည်းပညာသစ်တွေနဲ့အတူ 3.1GHz ထိရှိတဲ့ နောက်ဆုံးပေါ် SD865+ တို့ကို အသုံးပြုလာမှာ ဖြစ်တာကြောင့် အကြမ်းစား Performance ကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ Specs တွေကိုတော့ မသိရသေးပါဘူး။

၂၀၁၉ ခုနှစ်တုန်းက Nubia ဟာ ပထမနှစ်ဝက်မှာ Red Magic 3 ကိုမိတ်ဆက်ခဲ့ပြီး ဒုတိယနှစ်ဝက်မှာတစ်ခါ Red Magic 3S ကို ရောင်းချခဲ့ပါတယ်။ သူတို့ကြားထဲက အဓိကကွာခြားချက်ကလည်း Magic 3 မှာ SD855 ချစ်ပ်ဆက်ကို အသုံးပြုထားကာ 3S မှာ SD855+ ထည့်သွင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

အခြားနေရာတွေမှာတော့ Red Magic 5S ဟာ Red Magic 5G ဖုန်းဆီက Specs တွေကို ဆက်လက်သုံးစွဲလာဦးမှာပါ။ ဒီ Gaming အသားပေးဖုန်းဟာ လာမယ့်လမှာ မြင်ရနိုင်ခြေရှိပါတယ်။

Ref – Playful Droid