Xiaomi ရဲ့ Brand ခွဲ Redmi က ဖေဖော်ဝါရီလမှာ တန်ဖိုးနည်း A3 ကို ကြေညာခဲ့ပြီး အခုတော့ Redmi A3x ကို မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းရဲ့ အမည်နဲ့ မော်ဒယ်နံပါတ် ၂ ခုကို ဒေတာဘေ့စ်မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ် ၁ ခုက အိန္ဒိယအတွက်နဲ့ တခြား မော်ဒယ်နံပါတ် ၁ ခုက နိုင်ငံတကာအတွက် ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေမှာ ရောင်းမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Redmi A3x is coming to India and global markets soon

Redmi A3x ရဲ့ မော်ဒယ်နံပါတ်က နိုင်ငံတကာအတွက် 24048RN6CG နဲ့ အိန္ဒိယအတွက် 24048RN6CI ဖြစ်ပြီး G နဲ့ I က Xiaomi , Redmi နဲ့ Poco Device တွေမှာ Global နဲ့ India အတွက် အမှတ်အသား ဖြစ်ပါတယ်။

Redmi A3x Tipped to Launch in India Soon; Spotted on Several Certification  Sites | Technology News

“2404” က အဲဒီဖုန်းကို ဒီလမှာ ကြေညာမယ်လို့ မှတ်သားထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် မှန်ကန်မယ်လို့ ပြောနိုင်သေးပါဘူး။

Redmi A3x ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပေမယ့် အမည်အရ အဲဒီဖုန်းဟာ လက်ရှိ ရောင်းချထားတဲ့ Redmi A3 ကို အနည်းငယ် ပြုပြင်ထားနိုင်ပါတယ်။

Redmi A3 မှာတော့ 6.71” 90Hz LCD မျက်နှာပြင် ၊ MediaTek Helio G36 SoC ၊ 3/4/6GB RAM ၊ 64/128GB Storage ၊ 8MP +0.08MP Decorative Lens ၊ 5MP ဆဲလ်ဖီး ကင်မရာ ၊ Android14 နဲ့ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Ref : gsmarena