Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Redmi ကနေ ထုတ်လုပ်ထားတဲ့ Redmi AirDots လိုမျိုး TWS Earbuds တွေဟာ စျေးနှုန်းသက်သာတဲ့အတွက် လက်ရှိအချိန်အထိ လူသုံးများနေတဲ့ Earbuds တွေဖြစ်ပါတယ်။ အခုလည်း Redmi ကနေ India စျေးကွက်အတွက် နောက်ထပ် Earbuds အသစ် ၂ မျိုးကို မိတ်ဆက်လိုက်ပါပြီ။

Redmi ကနေ မိတ်ဆက်လိုက်တဲ့ Earbuds ၂ မျိုးကတော့ TWS Earbuds အမျိုးအစားဖြစ်တဲ့ Redmi Earbuds 2C နဲ့ Neckband Earbuds အမျိုးအစားဖြစ်တဲ့ Redmi SonicBass တွေပဲဖြစ်ပါတယ်။ ဒီ ၂ မျိုးစလုံးက စျေးနှုန်းအနေနဲ့ တော်တော်လေးကို သက်သာနေတာကိုလည်း တွေ့ရပါတယ်။

အရင်ဆုံး Redmi Earbuds 2C အနေနဲ့ကတော့ Redmi AirDots ပုံစံပြုလုပ်ထားပြီး Bluetooth 5.0 နဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့ စုစုပေါင်း ၁၂ နာရီအထိ အသုံးပြုနိုင်သလို Voice Assistant Feature ကိုလည်း Support ပြုလုပ်မှာပါ။ ပုံမှန်ရေစင်တာနဲ့ ချွေးဒါဏ်အတွက်လည်း IPX4 Sweat & Splash Proof Rating ပါဝင်ဦးမှာဖြစ်ပါတယ်။

Redmi Earbuds 2C ဟာ MicroUSB ကနေ တစ်ဆင့်ပြန်လည်အားသွင်းရမှာဖြစ်ပြီး အနက်ရောင်တစ်မျိုးတည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ INR 1,499 (မြန်မာငွေ ၂ သောင်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Redmi SonicBass အနေနဲ့ကတော့ ပိုကောင်းမွန်တဲ့ 9.2mm Audio Driver တွေကို အသုံးပြုထားပြီး Device ၂ ခုကို တပြိုင်တည်း ချိတ်ဆက်ထားနိုင်တဲ့ Dual Pairing နဲ့ Multi Point Connection တွေကိုပါ Support ပြုလုပ်နိုင်မှာပါ။ ဖုန်းခေါ်ဆိုမှုတွေအတွက်လည်း Dual-Mic Environmental Noise Cancellation Feature ပါဝင်မယ်လို့ သိရပါတယ်။

ကျန်တဲ့ 12 Hours Battery Life နဲ့ IPX4 Sweat & Splash Resistant Rating ပါဝင်တာတွေကတော့ Redmi Earbuds 2C နဲ့ ဆင်တူမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ ပိုပြီး သက်သာတဲ့ INR 1,299 (မြန်မာငွေ ၂ သောင်း ၂ ထောင်ဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena