Xiaomi ဟာ Android 11 OS Update ကို Flagship ဖုန်းတွေဖြစ်တဲ့ Mi 10 Series ဖုန်းတွေနဲ့ Redmi K30 Series ဖုန်းတွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Redmi K Series ဖုန်းတွေဖြစ်တဲ့ Redmi K20 နဲ့ K30 4G ဖုန်းတွေအတွက် Android 11 Update ကို ထုတ်ပေးလိုက်ပါပြီ။

အခု Redmi K20 နဲ့ K30 4G အတွက် Android 11 ကို အခြေခံထားတဲ့ MIUI 12 Update ဟာ Weekly Beta အနေနဲ့ပဲထွက်ရှိလာသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Beta Channel ကို ဝင်ရောက်ထားတဲ့သူတွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး Stable Update အနေနဲ့ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Xiaomi ဟာ အခုအချိန်မှာ Beta Program ကို China ROM အတွက်ပဲ ထုတ်ပေးနေတာဖြစ်ပြီး အခု Redmi K20 နဲ့ K30 4G ဖုန်းတွေအတွက် MIUI 12 Beta Update ဟာလည်း China Beta Program အတွက်ပဲအကျုံးဝင်မှာဖြစ်ပါတယ်။ Global Android 11 Update ကတော့ China Stable Update ထွက်ရှိပြီး လအနည်းငယ်အကြာမှပဲ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Xiaomi ဟာ လက်ရှိအချိန်မှာ Mi 10 ၊ Mi 10 Ultra ၊ Redmi K30 Pro ၊ Mi CC9 Pro ၊ Redmi K30 5G ၊ Mi 10 Youth Edition ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ MIUI 12 Update ကို ထုတ်ပြီးထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Google ကနေ Android 11 Stable OS Update ကို ထုတ်ပေးထားပြီး တစ်လကျော်ကြာတဲ့အချိန်အထိတော့ ဘယ် Xiaomi ဖုန်းမှ Android 11 Stable OS Update ကို ရရှိသေးခြင်းမရှိသေးပါဘူး။

တစ်ခုရှိတာကတော့ အခုလိုမျိုး Android 11 OS Update ကိုရရှိလာတယ်ဆိုပေမယ့်လည်း MIUI 12 အနေနဲ့ပဲထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – Gizmo China