မကြာခင်နှစ်တုန်းကပဲ ပရီမီယံစမတ်ဖုန်းတွေမှာ Screen refresh rate တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှေ့တန်းရောက်လာကြပါတယ်။ ပုံမှန်အားဖြင့် 60Hz ကနေ 90Hz အထိ ရှိကြပေမယ့် ဂိမ်းမင်းစမတ်ဖုန်းတွေမှာတော့ 120Hz အထိ Refresh rate တွေ မြင့်လာကြပါတယ်။

ဒီနောက်မှာတော့ Developer တွေဟာ ဖုံးကွယ်ထားတဲ့ Refresh rate တွေကို Software သုံးပြီးဖွင့်လာကြပါတယ်။ နောက်ဆုံးပေါ် Software tweak သုံးပြီး Refresh rate ပြောင်းလို့ရတဲ့ စမတ်ဖုန်းတွေထဲမှာ Redmi K20 Pro လည်း ပါဝင်လာတာကို တွေ့ရပါတယ်။

Redmi K20 Pro ဟာ ပြီးခဲ့တဲ့ ၂၀၁၉ မေလတုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီး 60Hz Refresh rate ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက Developer တစ်ဦးက Redmi K20 Pro ရဲ့ 60Hz Refresh rate ကို 75Hz Refresh rate ဖြစ်အောင် တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Root လုပ်ရတဲ့အတွက် သုံးစွဲသူအနေနဲ့ အာမခံပျက်ပြယ်သွားမှာကိုတော့ သတိပြုရပါလိမ့်မယ်။

Refresh rate ဆိုတာဟာ မျက်နှာပြင်ပေါ်ပြသတဲ့ ပုံရိပ်ကို စက္ကန့်တိုင်းမှာ အသစ်ဖြစ်အောင် ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် 60Hz Refresh rate ဟာ တစ်စက္ကန့်မှာ အကြိမ် ၆၀ Display updates ပြုလုပ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် 75Hz Refresh rate ဟာ တစ်စက္ကန့်မှာ ၇၅ ကြိမ် Display updates ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပိုမြင့်မားတဲ့ Refresh rate ဟာ ပိုပြီးချောမွေ့တဲ့ ရုပ်ပုံကို ရရှိစေပါတယ်။

Ref: Gizmochina