Redmi က စွမ်းရည်မြင့် K30 Pro ကို ဒီနှစ်အစောပိုင်းမှာ ကြေညာခဲ့ပြီး အခုတော့ Redmi က အဲဒီဖုန်း ထုတ်လုပ် ရောင်းချတာကို ရပ်နားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီ သတင်းကို Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က အတည်ပြုလိုက်တာပါ။

Redmi K30 Pro series announced: A true K20 Pro successor?

ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့တဲ့ စွမ်းရည်မြင့် Mi 10 Pro နဲ့ Mi 10 Ultra ထုတ်လုပ်ရောင်းချတာ ရပ်နားမယ်ဆိုတဲ့ သတင်းထွက်လာပြီး ရက်အနည်းငယ်အကြာမှာ ဒီသတင်းကို ကုမ္ပဏီက အတည်ပြုလိုက်တာပါ။

Redmi K30 Pro series announced: A true K20 Pro successor?

Redmi K30 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြချင်ပါတယ်။ Redmi K30 Pro မှာ ၆.၆၇ လက်မ Super AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Snapdragon 865 SoC မောင်းနှင်ထားပြီး 8GB LPDDR5 RAM နဲ့ 128GB Storage ထည့်သွင်းထားပေမယ့် microSD Card Slot မပါပါဘူး။

အနောက်ဘက်မှာ 64MP Main , 5MP Telephoto , 13MP Ultrawide နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ 20MP Pop Up ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ 30W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ထည့်ထားပြီး Android 10 မောင်းနှင်ထားပါတယ်။

Ref : gizmochina