Xiaomi ရဲ့ Redmi K30 Series စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ အောင်မြင်မှုအရဆုံးသော Mid Range ဖုန်းတွေလို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Xiaomi ကနေ Redmi K30i စမတ်ဖုန်းအတွက် Android 11 Update ကို စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။

Xiaomi ဟာ လက်ရှိအချိန်မှာ Flagship ဖုန်းတွေဖြစ်တဲ့ Redmi K30 Pro ၊ Mi 9T နဲ့ Mi 10 Series လိုမျိုးဖုန်းတွေကိုပဲ Android 11 Beta ကို ထုတ်ပေးနေသေးတာဖြစ်ပါတယ်။ အခု Redmi K30i အတွက်ထွက်ရှိလာတဲ့ Android 11 Update ဟာလည်း Beta Version ပဲရှိသေးတဲ့အတွက် Stable Update ရရှိဖို့ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။

Redmi K30i အတွက် Android 11 Update နဲ့အတူ MIUI 12 ကိုပါ Update ပြုလုပ်ပေးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ အဓိကပြောင်းလဲမှုတွေအနေနဲ့ Camera Watermark ၊ Camera Filter ၊ Sticker တွေနဲ့ Album Optimization တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း Redmi K30 ၊ Mi CC9 Pro နဲ့ Redmi K20 ဖုန်းတွေကို Android 11 Beta Update ထုတ်ပေးသွားဖို့ရှိတဲ့အတွက် လက်တလော ပုံမှန် Beta Update တွေကို ဆိုင်းငံ့ထားတယ်လို့လည်း သိရပါတယ်။

Redmi K30i စမတ်ဖုန်းဟာ Redmi K30 5G လိုမျိုးပဲ Qualcomm Snapdragon 765G Chipset ၊ 6.67″ 120Hz Full HD+ Display တွေပါဝင်ပေမယ့် Camera ပိုင်းမှာ 64MP Primary Sensor အစား 48MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့လည်း 30W Fast Charging ကို Support ပြုလုပ်တဲ့ 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Ref – Giz China