Tipster ၁ ယောက်က ပြီးခဲ့တဲ့ လက နိုင်ငံတကာမှာ ကြေညာခဲ့တဲ့ Xiaomi Mi 10T ကို တရုတ်မှာ Redmi K30s နာမည်နဲ့ ရောင်းမယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ China Mobile က ဝီဘိုမှာ Xiaomi Mi 10T ရဲ့ ဓါတ်ပုံကို မျှဝေထားပြီး Redmi K30s လို့ ဖော်ပြထားပါတယ်။  Redmi ကတော့ K30s အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားသတင်းအရ ဒီလကုန် သို့မဟုတ် နောက်လ အစောပိုင်းမှာ ကြေညာမယ်လို့ သိရပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Redmi K30 Pro နဲ့ K30 Pro Zoom တို့ပြီးနောက် Redmi K30s ဟာ Snapdragon 865 Chipset ထည့်ထားတဲ့ Redmi ရဲ့ တတိယမြောက် စမတ်ဖုန်း ဖြစ်လာမှာပါ။ Redmi K30s မှာ ၆.၆၇ လက်မ IPS LCD မျက်နှာပြင်နဲ့ Punch Hole ပါလာမှာဖြစ်ပြီး  Full HD+ Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားမှာပါ။

20MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP Main , 13MP Ultrawide နဲ့ 5MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားမှာဖြစ်ပါတယ်။ မြင်ကွင်းကျယ် ကင်မရာက ၁၂၃ ဒီဂရီ အထိ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Redmi K30s မှာ Android 10 OS အခြေပြု MIUI 12 မောင်းနှင်ထားမှာ ဖြစ်ပြီး 33W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထောက်ပံ့ထားမှာပါ။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး မသိရသေးတာက ဈေးနှုန်း ဖြစ်ပါတယ်။

Ref : gizmochina