Xiaomi ရဲ့ Redmi K30 Series ဖုန်းတွေဟာ လက်ရှိ Mid Range စျေးကွက်မှာတော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ Redmi K30 ဖုန်းဟာ 4G Version မှာ Qualcomm Snapdragon 730G Chipset ကို အသုံးပြုထားပြီး Redmi K30 5G ဖုန်းဆိုရင် Snadpragon 765G အထိ အသုံးပြုထားတာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Redmi K40 ဖုန်းကို မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံက နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ K40 ဖုန်းမိတ်ဆက်မယ့်အချိန်နဲ့ အသုံးပြုလာမယ့် Chipset ကို Weibo စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဖော်ပြချက်အရ Redmi K40 စမတ်ဖုန်းဟာ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Redmi K40 Pro ဖုန်းကိုတော့ ၂၀၂၁နှစ်စပိုင်းမှာ Snapdragon 875 Chipset နဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Redmi K Series စမတ်ဖုန်းတွေဟာ ထွက်ရှိတဲ့အချိန်ကတည်းက ဆက်တိုက်ကို အောင်မြင်မှုရရှိနေတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ အဲ့ဒီအတွက်လာမယ့် Redmi K40 ဖုန်းဟာလည်း Snapdragon 775 Chipset အပြင် တခြားသော Feature အသစ်တွေလည်း အမြောက်အများပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China