Xiaomi ပထမဆုံးသော Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားတဲ့ Redmi Series ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ Redmi K50 Ultra ဖုန်းပဲဖြစ်ပြီး လက်ရှိ K50 Pro နဲ့ K50 Gaming တွေကို ပေါင်းစပ်ထားတာနဲ့ ဆင်တူမှာဖြစ်ပါတယ်။

Redmi K50 Ultra ဖုန်းဟာ Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားတဲ့အပြင် Vapor Chamber Cooling စနစ်ကိုပါ ထည့်သွင်းပေးထားပြီး RAM အနေနဲ့ 8GB သို့မဟုတ် 12GB LPDDR5 RAM ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ကတော့ 128/256/512GB UFS 3.1 Storage ပါဝင်မှာဖြစ်ပါတယ်။

Display ပိုင်းမှာတော့ 6.67″ ရှိတဲ့ 12bit AMOLED Display Panel ကို အသုံးပြုထားပြီး Resolution အနေနဲ့ကတော့ 1,220 x 2,712px ရှိတာကြောင့် Full HD+ နဲ့ QHD Resolution ကြားမှာရှိမှာပါ။ ကျန်တဲ့ HDR10+ နဲ့ Dolby Vision တွေကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ Refresh Rate ပိုင်းမှာ 120Hz Refresh Rate ရှိမှာဖြစ်ပြီး 480Hz Touch Sampling Rate လည်းပါဝင်မှာဖြစ်ပါတယ်။ In-Display Fingerprint Sensor ကို အသုံးပြုထားပြီး Heart-rate ကိုပါ တိုင်းတာနိုင်ဦးမှာပါ။

Redmi K50 Ultra ဖုန်းဟာ Battery ပိုင်းမှာတော့ 120W Fast Charging ကို ထောက်ပံ့ပေးထားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ 108MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Macro Sensor တွေပါဝင်တဲ့ Triple Back Camera Setup ကို အသုံးပြုထားပြီး Selfie Camera အနေနဲ့ကတော့ 20MP Sensor ကို အသုံးပြုပေးထားပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Redmi K50 Ultra ဖုန်းဟာ တရုတ်ယွမ်ငွေ ၃,၀၀၀ ကနေ စတင်မှာဖြစ်ပြီး Black ၊ Silver နဲ့ Blue ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ မြန်မာငွေနဲ့ ဆိုရင်တော့ ၁၃သိန်း ဝန်းကျင်လောက် ရှိနိုင်ပါတယ်။

နောက်ထပ်လည်း Xiaomi ကနေ Pad 5 Pro 12.4″ ကိုပါ မိတ်ဆက်ခဲ့ပြီး Display က ပိုကြီးမားတဲ့ 12.4″ ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ Resolution ပိုင်းမှာတော့ 2560x1600px ရှိမှာဖြစ်ပြီး Refresh Rate အနေနဲ့ 120Hz အထိ ထောက်ပံ့ပေးနိုင်မှာပါ။ Brightness အနေနဲ့ကတော့ အမြင့်ဆုံး 500nits အထိရရှိမှာဖြစ်ပြီး Dolby Vision နဲ့ HDR10 Feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းမှာတော့ ယခင် Mi Pad 5 Pro 11″ လိုမျိုးပဲ Qualcomm Snapdragon 870 Chipset ကို အသုံးပြုထားပြီး RAM 6/128GB အပြင် RAM 8/256GB နဲ့ RAM 12/512GB Version တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ 50MP + 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Front Selfie Camera ကိုတော့ 20MP Sensor အသုံးပြုထားပါတယ်။ Battery ပိုင်းမှာလည်း 10000mAh Battery ပါဝင်မှာဖြစ်ပြီး 67W Fast Charging ကြောင့် 0-100% ကို ၆၈ မိနစ်အတွင်း အားသွင်းနိုင်မှာပါ။

Xiaomi Pad 5 Pro 12.4″ မှာ အသုံးပြုထားတဲ့ USB-C Port ဟာ 3.2 Gen 1 Speed ကို ထောက်ပံ့ပေးနိုင်တာကြောင့် External Monitor ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း Xiaomi Pad 5 Pro ဟာ တရုတ်ယွမ်ငွေ ၃,၀၀၀ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး Keyboard ၊ Stylus တွေကိုပါ ထပ်မံဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena