Redmi က စွမ်းရည်မြင့် K60 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး Redmi K60, Redmi K60 Pro နဲ့ Redmi K60 Pro+ တို့ ပါလာမှာပါ။ အခုတော့ ကုမ္ပဏီက Redmi K60 Pro ရဲ့ မျက်နှာပြင် သတင်းအချက်အလက်ကို တရားဝင် အသိပေးလိုက်ပါတယ်။

Redmi K60 Pro

Redmi K60 Pro မှာ 2K QuadHD+ မျက်နှာပြင် တပ်ဆင်ထားမယ်လို့ Redmi က ဝီဘိုမှာ အသိပေးလိုက်ပြီး 12-bit Colour Coverage ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် 68.7 Billion မတူညီတဲ့ အရောင်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ဟာ Display P3’s Broad Colour Gamut ကို ထောက်ပံ့ပေးနိုင်ပါတယ်။

Xiaomi Redmi K60 series to launch with a 2K display option, a 50 MP camera and a dual SoC strategy - NotebookCheck.net News

မျက်နှာပြင်မှာ 1920Hz PWM Light Control ပါလာမှာ ဖြစ်ပြီး ဟာ့ဒ်ဝဲ အဆင့် Low Blue Light Certification ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်မှာ Dolby Vision နဲ့ HDR10+ Certification ပါလာမှာ ဖြစ်ပြီး K60 Pro ရဲ့ မျက်နှာပြင်ဟာ အလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။

Redmi K60 Pro မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာ ဖြစ်ပြီး 50MP Sony IMX890 Main ကင်မရာ ပါလာနိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ပါလာနိုင်ပါတယ်။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပြီး 5,000mAh ဘက်ထရီ၊ 30W Wireless Charging နဲ့ 67W Rapid Charging ပါလာနိုင်ပါတယ်။

Ref : gizmochina