Redmi ဟာ K60 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး Redmi K60 , K60 Pro နဲ့ K60E တို့ ပါလာနိုင်ပါတယ်။ ကုမ္ပဏီဟာ ဂိမ်း အသားပေး Redmi K60 Gaming ကို မထုတ်လုပ်ဘူးလို့ မကြာခင်က သတင်းထွက်လာပါတယ်။ K60E မှာ Dimensity 8200 Chip တပ်ဆင်ထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ K60 နဲ့ K60 Pro တို့ရဲ့ ပေါက်ကြားလာတဲ့ Specs တွေက အမျိုးမျိုး ကွဲပြားနေပါတယ်။ အရင်ကတော့ အဲဒီ ဖုန်း ၂ လုံးမှာ Snapdragon 8 Plus Gen 1 Chip ထည့်သွင်းထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Redmi K60 Series ရဲ့ ကင်မရာ သတင်းအချက်အလက်တွေ ထွက်ပေါ်လာ – MyTech Myanmar

အခုပေါက်ကြားသတင်းအရ Redmi K60 မှာ Snapdragon 8 Plus Gen 1 နဲ့ K60 Pro မှာ Snapdragon 8 Gen 2 ပါလာမယ်လို့ သိရပါတယ်။ ဒီသတင်းကို Tipster Digital Chat Station က တရုတ်လူမှုကွန်ရက် ဝီဘိုမှာ မျှဝေထားတာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးမှာ 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Redmi K60 render

မော်ဒယ် ၂ ခုစလုံးမှာ LPDDR5x RAM နဲ့ UFS 4.0 Storage ပါလာမှာ ဖြစ်ပြီး မကြာခင်က ကြေညာခဲ့တဲ့ စွမ်းရည်မြင့် Xiaomi 13 Series, iQOO 11 Series နဲ့ vivo X90 Series တို့လိုပဲ ဖြစ်ပါတယ်။

Redmi K60 နဲ့ K60 Pro မှာ 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး 67W Fast Charging ပါလာနိုင်ပါတယ်။ Android 13 OS အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပါတယ်။ Dimensity 8200 ပါတဲ့ K60E မှာ 120W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina