Xiaomi ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ Redmi K70 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ အဆိုပါ Redmi K70 Series ဖုန်းတွေရဲ့ သတင်းတွေကိုလည်း ပိုမိုသိရှိလာရပြီဖြစ်ပါတယ်။

Redmi K70 Series ဖုန်းတွေမှာ MediaTek Dimensity 8300-Ultra Chipset ကို အသုံးပြုထားမယ့် Redmi K70E ၊ Snapdragon 8 Gen 2 Chipset နဲ့ Redmi K70 ၊ Snapdragon 8 Gen 3 Chipset သုံးထားမယ့် Redmi K70 Pro ဖုန်းတွေဆိုပြီး (၃) မျိုးပါဝင်မှာဖြစ်ပါတယ်။ အခုလည်း Geekbench Benchmarking Website ကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ Redmi K70 Pro မှာ ပါဝင်မယ့် အမြင့်ဆုံး RAM ပမာဏကို သိရှိခဲ့ရပါပြီ။

Redmi K70 Pro ဖုန်းဟာ အစောပိုင်းတုန်းက အမြင့်ဆုံး 16GB RAM အထိပဲ ရွေးချယ်နိုင်မယ်ဆိုပြီး သတင်းထွက်ထားပေမယ့် အခုထွက်လာတဲ့သတင်းအရ 24GB RAM နဲ့ 1TB Storage Option ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Redmi K70 Pro ဖုန်းဟာ 16GB RAM + 256GB Storage ၊ 16GB RAM + 512GB Storage နဲ့ 24GB + 1TB Storage ဆိုပြီး ၃ မျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်အရောင်တွေအနေနဲ့ Redmi K70 နဲ့ K70E ဖုန်းတွေဟာ Black ၊ Glacier Silver ၊ Bamboo Moon Blue နဲ့ Light Purple ဆိုပြီး အရောင် (၄) မျိုးထွက်ရှိမှာဖြစ်ပြီး Redmi K70 Pro ဖုန်းကတော့ Black ၊ Silver နဲ့ Purple ဆိုပြီး အရောင် (၃) မျိုးပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

Redmi K70 Pro ဖုန်းရဲ့ Geekbench Benchmark တွေအနေနဲ့ Single-Core မှာ 2101 မှတ် နဲ့ Multi-Core ပိုင်းမှာ 6524 မှတ် အသီးသီးရရှိခဲ့ပါတယ်။ ဒါကြောင့် Performance ပိုင်းမှာတော့ Xiaomi 14 Series လိုမျိုး တခြားသော Snapdragon 8 Gen 3 Chipset သုံးထားတဲ့ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။

Ref – Gizmo China