Redmi က K70 နဲ့ K70 Pro ကို ကြေညာထားတာ လတော်တော်ကြာပြီ ဖြစ်ပြီး K70 Ultra ကို ကြေညာဖို့ ကျန်နေပါသေးတယ်။ အခုတော့ Redmi K70 Ultra ကို Geekbench Database မှာ တွေ့လာရပြီ ဖြစ်ပြီး Specs တချို့ကို သိလာရပါတယ်။

พบข้อมูล Redmi K70 Ultra ใช้ชิป Dimensity 9300+ | Beartai.com | LINE TODAY

K70 Ultra မှာ MediaTek Dimensity 9300+ SoC မေင်းနှင်ထားမှာ ဖြစ်ပြီး Geekbench က မော်ဒယ်မှာ 16GB RAM ထည့်သွင်းထားပါတယ်။ တခြား RAM Options တွေလည်း ထွက်လာနိုင်ပါတယ်။

K70 Ultra မှာ Android 14 OS ပါလာမှာ ဖြစ်ပြီး Xiaomi HyperOS အုပ်ထားမှာ ဖြစ်ပါတယ်။ Geekbench မှာ Single-core မှာ ၂,၂၁၈ မှတ်နဲ့ Multi-core မှာ ၇,၄၅၇ မှတ်ရထားပါတယ်။

Redmi K70 Ultra stops by Geekbench with Dimensity 9300+ chipset

Redmi က K70 Ultra မှာ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားမယ်လို့ ကြေညာထားပြီး 120W Wired Charging ပါလာမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို ဒီလထဲမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။

Redmi K70 Ultra ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပြီး အဆင့်မြင့် Specifications တွေ ထည့်သွင်းထားမှာ သေချာပါတယ်။

Ref : gsmarena