AnTuTu က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် စွမ်းဆောင်ရည် အကောင်းဆုံး စွမ်းရည်သင့် ဖုန်း စာရင်းကို ကြေညာလိုက်ပါတယ်။ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက ပြီးခဲ့တဲ့ ၁ လက ကြေညာခဲ့တဲ့ Redmi K70E ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ စွမ်းရည်မြင့် Dimensity 8300 Chip ထည့်သွင်းထားပြီး တချို့ စွမ်းရည်မြင့် ဖုန်းတွေနဲ့တောင် ယှဉ်နိုင်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် စွမ်းဆောင်ရည် အကောင်းဆုံး စွမ်းရည်သင့် ဖုန်း ၁၀ လုံးကို  အောက်မှာ လေ့လာနိုင်ပါတယ်။

AnTuTu Top 10 mid-range smartphones December 2023

  1. Redmi K70E with MediaTek Dimensity 8300-Ultra 12GB+512GB – 1,413,428
  2. Realme GT Neo 5 SE with Qualcomm Snapdragon 7+ Gen 2 16GB+1TB – 1,171,077
  3. Redmi Note 12 Turbo with Qualcomm Snapdragon 7+ Gen 2 16GB+1tb – 1,158,147
  4. OPPO Reno 11 5G with MediaTek Dimensity 8200 12GB+256GB – 1,004,803
  5. iQOO Z8 with MediaTek Dimensity 8200 12GB+512GB – 962,526
  6. iQOO Neo 7SE with MediaTek Dimensity 8200 12GB+512GB – 951,902
  7. Vivo S17 Pro with MediaTek Dimensity 8200 12GB+512GB – 950,208
  8. Vivo S18 with Qualcomm Snapdragon 7 Gen 3 12GB+512GB – 925,153
  9. Redmi Note 12T Pro with MediaTek Dimensity 8200-Ultra 8GB+256GB – 897,750
  10. Redmi K60E with MediaTek Dimensity 8200 12GB+512GB – 894,879

Xiaomi Redmi K70E debuts with attractive pricing and showcases new MediaTek Dimensity chipset - NotebookCheck.net News

Redmi K70E ဟာ ၁,၄၁၃,၄၂၈ မှတ်နဲ့ နံပါတ် ၁ နေရာကို ရထားပြီး နံပါတ် ၂ နေရာက realme GT Neo 5 SE ထက် အမှတ် ၂၅၀,၀၀၀ တောင် ပိုများနေပါတယ်။

realme GT Neo 5 SE နဲ့ နံပါတ် ၃ နေရာက Redmi Note 12 Turbo တို့မှာ Snapdragon 7+ Gen 2 ထည့်သွင်းထားတာပါ။ အဲဒီဖုန်းတွေဟာ AnTuTu ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး စွမ်းရည်သင့် ဖုန်း စာရင်းမှာ လတော်တော်ကြာကြာ ကြီးစိုးနေပါတယ်။

Ref : gizmochina