ယခင်က Tipster Smart Pikachu က Xiaomi ဟာ နောက်မျိုးဆက် Redmi K Series မှာ စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Redmi K80 နဲ့ Redmi K80 Pro တို့ ဖြစ်ပါတယ်။ ဈေးချိုတဲ့ Redmi K80E ကို Redmi Note Series ကနေ ကြေညာမှာပါ။

Redmi K80 series to use the Snapdragon 8 Gen4 chip and a bigger battery - Gizchina.com

အခုတော့ အဲဒီ Tipster က Redmi K80 Series ဖန်တီးမှုကို အရှိန်မြှင့်လာပြီလို့ ပြောပါတယ်။ အဲဒီ Series မှာ အရင်မျိုးဆက်ထက် 500mAh ပိုများတဲ့ 5,500mAh Battery ပါလာနိုင်ပါတယ်။

2K Resolution မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Peak Brightness ကိုတော့ သူက မပြောပါဘူး။ အရင်မျိုးဆက်ထက် ပိုမြင့်တဲ့ Peak Brightness ပါလာနိုင်ပါတယ်။

Rumour: Redmi K80 series of smartphones will come with Snapdragon 8 Gen 3/Snapdragon 8 Gen 4 chips and a 5500mAh battery | Gagadget.com

Tipster က Redmi K80 မော်ဒယ် ၂ လုံးမှာ မတူညီတဲ့ Chipset ပါလာမယ်လို့ ပြောပါတယ်။ Redmi K80 အတွက် Snapdragon 8 Gen 3 နဲ့ Redmi K80 Pro မှာ Snapdragon 8 Gen 4 ပါလာနိုင်ပါတယ်။

အရင်မျိုးဆက် Redmi K70 နဲ့ K70 Pro မှာလို SD8G2 နဲ့ SD8G3 ထည့်သွင်းပေးထားပါတယ်။ Redmi K80 Series ရဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာ ဖြစ်ပြီး သတ္တုဖရိမ် ပါလာနိုင်ပါတယ်။

Qualcomm ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် Snapdragon 8 Gen 4 Chipset ကို အောက်တိုဘာလမှာ ကြေညာမှာ ဖြစ်ပြီး Redmi K80 Series ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina