Xiaomi က မေလမှာ Redmi Note 11SE ကို တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ ဒီဇိုင်းနဲ့ Specs တွေ ကွဲပြားတဲ့ Redmi Note 11SE အသစ်ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Helio G95 Chip ၊ Android 11 အခြေပြု MIUI 12.5 တွေ ထည့်သွင်းထားပြီး 6/64GB , 6/128GB နဲ့ 8/128GB တွေ ထုတ်လုပ်ထားပါတယ်။ ၆.၄၃ လက်မ Full HD+ 60Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 33W Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro , 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။

New Redmi Note 11SE announced in India is just a rebranded phone launched over a year ago

Redmi Note 11SE မှာ USB-C Port ၊ ဘေးဘက်လက်ဗွေရာကိရိယာနဲ့ IR Blaster တွေ ထည့်သွင်းထားပြီး IP53 စံနှုန်း ပါလာပါတယ်။နားကြပ်ပေါက်၊ စတီရီယို စပီကာနဲ့ Hi-Res Audio တွေ ထည့်သွင်းထားပြီး NFC ထောက်ပံ့ထားပါတယ်။

New Redmi Note 11SE announced in India is just a rebranded phone launched over a year ago

Redmi Note 11SE ကို အိန္ဒိယမှာ ဒီလ ၃၁ ရက်နေ့ Mi.com , Flipkart ကနေ ရောင်းချမှာ ဖြစ်ပြီး Thunder Purple , Cosmic White, Shadow Black နဲ့ Bifrost Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၆ ရက်နေ့ကျမှ ဈေးနှုန်းကို ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena