Digital Chat Station က Xiaomi ဟာ စွမ်းရည်သင့် Redmi Note 12 ကို ဒီနှစ်ကုန် တရုတ်မှာ ကြေညာမှာ ဖြစ်ပြီး နိုင်ငံတကာမှာ နောက်နှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ရောင်းချမယ်လို့ ပြောပါတယ်။

Redmi Note 12

Redmi Note 12 မှာ 50MP Main ကင်မရာနဲ့ 120W Fast Charging ပါလာမှာ ဖြစ်ပြီး တရုတ်နဲ့ နိုင်ငံတကာမှာ ရောင်းချမယ့် မော်ဒယ်အားလုံးမှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ လေးထောင့် ဒီဇိုင်းကို အသုံးပြုထားမှာ ဖြစ်ပြီး ထောင့်စွန်းတွေက ဖြောင့်တန်းမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Main ကင်မရာ အနေနဲ့ 50MP ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi Note 11T Pro

Main ကင်မရာကို 2MP Macro , 8MP Ultrawide Angle ကင်မရာတွေနဲ့ အားဖြည့်ထားမှာ ဖြစ်ပါတယ်။ Redmi Note 11 Pro+ မှာ ထည့်သွင်းပေးထားတဲ့ 120W Fast Charging ပါလာမှာ ဖြစ်ပါတယ်။

ဘူးထဲမှာ USB Charger နဲ့ Adapter ထည့်သွင်းထားမှာ ဖြစ်ပြီး မိနစ် ၂၀ သွင်းရင် အားအပြည့်ဖြည့်ပေးမှာ ဖြစ်ပါတယ်။ Redmi Note Series စမတ်ဖုန်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နာမည်ကြီးပါတယ်။

Ref : gizchina