Redmi Note 12 Turbo ကို မနေ့က တရုတ်မှာ ကြေညာခဲ့ပြီး Snapdragon 7 Plus Gen 2 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

Redmi Note 12 Turbo

အဲဒီဖုန်းဟာ Redmi Note Series ထဲမှာ စွမ်းရည် အမြင့်ဆုံး ဖုန်း ဖြစ်ပြီး 1TB Storage ပါတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း အလွန်ချိုသာပါတယ်။

Redmi Note 12 Turbo ကို ရောင်းချအပြီး နာရီပိုင်း အကြာမှာပဲ ကုမ္ပဏီက အစောပိုင်း ရောင်းအားကို ကြေညာလိုက်ပါတယ်။

Redmi Note 12 Turbo announced with Snapdragon 7+ Gen 2, up to 16GB RAM and  1TB storage - GSMArena.com news

Redmi က ၂၀၂၃ ခုနှစ်ရဲ့ ရောင်းအားစံချိန်ကို ၂ နာရီခွဲထဲနဲ့ ချိုးဖျက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ Redmi Note 12 Turbo ဟာ တရုတ်က ထိပ်တန်း အွန်လိုင်း စတိုး ၃ ခု ဖြစ်တဲ့ JD, Tmall နဲ့ Pinduoduo မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

1TB Version ဟာ အွန်လိုင်းမှာ စက္ကန့်ပိုင်းအတွင်း ရောင်းကုန်သွားပါတယ်။ Redmi ရဲ့ GM Lu Weibing က နောက်အသုတ် ရောင်းမယ့် အချိန်ကို နီးစပ်ရာ Xiaomi Homes မှာ စုံစမ်းနိုင်တယ်လို့ ပြောပါတယ်။

Redmi Note 12 Turbo ဟာ လက်ရှိ ဈေးကွက်ထဲမှာ ဈေးအချိုသာဆုံး 1TB စမတ်ဖုန်း ဖြစ်ပြီး ၄၀၅ ဒေါ်လာပဲ ရှိပါတယ်။ ကုမ္ပဏီက Redmi Note 12 Turbo ရောင်းချရတဲ့ အလုံးရေကို မပြောပါဘူး။ Redmi Note 12 Turbo ကို တရုတ်ပြင်ပမှာ POCO F5 အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina