Xiaomi ဟာ Redmi Note 14 Series ကို ဖန်တီးနေပြီး XiaomiTime Team က အဲဒီ ဖုန်းတွေရဲ့သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Redmi Note 14 Pro Appears in Leaks With Faster Chip

Redmi Note 14 Series ကို စက်တင်ဘာလမှာ ကြေညာဖို့ စီစဉ်ထားပြီး လအနည်းငယ်ပဲ လိုပါတော့တယ်။ အဲဒီ ဖုန်းတွေရဲ့ မော်ဒယ်နံပါတ်တွေကို IMEI Database မှာ တွေ့လာရပြီး Note 14 Series ကို ရောင်းချမယ့် နိုင်ငံတွေကို အတည်ပြုထားပါတယ်။

  • 24090RA29G, 24090RA29I, 24090RA29C
  • 24115RA8EG, 24115RA8EI, 24115RA8EC
  • 24094RAD4G, 24094RAD4I, 24094RAD4C

အထက်ပါ မော်ဒယ်နံပါတ်တွေဟာ Redmi Note 14 5G , Redmi Note 14 Pro 5G နဲ့ Redmi Note 14 Pro+ 5G ကို ကိုယ်စားပြုပါတယ်။ “2409” ဟာ ကြေညာမယ့် အချိန်ကို ဖော်ပြတာ ဖြစ်ပြီး စက်တင်ဘာလမှာ ဖြစ်ပါတယ်။ တရုတ်မှာ အရင်ဆုံး ကြေညာမှာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ နောက်ပိုင်းမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

The first Redmi Note 14 series leak is here: display and chipset tipped

အဲဒီ ဖုန်းတွေမှာ Android 14 အခြေပြု  HyperOS 1.0 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Note 14 Series ပြီးနောက်မှာ Xiaomi 15 Series ကို အောက်တိုဘာလမှာ ကြေညာမှာပါ။

Ref : gizmochina