Redmi Note 9 Series ကို ဒီနှစ် အစောပိုင်းက ကြေညာပြီးသား ဖြစ်ပေမယ့် Redmi က အားမရသေးပါဘူး။ အခုလည်း တရုတ်မှာ  Redmi Note 9 Series အသစ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ချပြတော့မှာ ဖြစ်ပါတယ်။

Redmi Note 9 series is coming to China on November 26

Redmi က Note 9 Series ရဲ့ နာမည်တွေကို မပြောသေးပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ တရားဝင် သိလာရတော့မှာပါ။ Redmi ရဲ့ ဝီဘိုက ပို့စ်မှာ ဖုန်း ၃ လုံးလာမယ်လို့ သတင်းပေးထားပြီး ကုမ္ပဏီဟာ Redmi Note 9 Pro 5G ရဲ့ Teaser ၁ ခုကိုလည်း မျှဝေထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို စက်ဝိုင်းအကွက်ထဲ ထည့်သွင်းထားပြီး ဘယ်ဘက်ခြမ်းမှာ SIM Card Slot နဲ့ ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ ပါလာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို ပါဝါ ခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။

Redmi Note 9 Series ရဲ့ တခြား ဖုန်း ၂ လုံးဟာ Redmi Note 9 5G နဲ့ 4G မော်ဒယ်တွေ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ၂ လုံးရဲ့ Specifications တွေကို တရားဝင် မကြေညာရသေးပေမယ့် Note 9 5G မှာ Dimensity 800U SoC နဲ့ Pro Version မှာ Snapdragon 750G , 120Hz မျက်နှာပြင်နဲ့ 108MP ကင်မရာတွေ ပါလာနိုင်ပါတယ်။

ဒီလ အစောပိုင်းမှာ အဲဒီဖုန်း ၂ လုံးကို TENAA မှာ မှတ်ပုံတင်ထားပြီး ဒီဇိုင်းနဲ့ Specifications တွေကို လေ့လာခွင့်ရခဲ့ပါတယ်။

Ref : gsmarena