Xiaomi က Redmi Pad SE 8.7 4G ကို နိုင်ငံတကာမှာ ကြေညာလိုက်ပါတယ်။ စွမ်းရည်သင့် တက်ဘလက် ဖြစ်ပြီး အလုပ်လုပ်ဖို့နဲ့ ဖျော်ဖြေရေးအတွက် ဒီဇိုင်းထုတ်ထားပါတယ်။ 8.7” LCD Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Reading Mode ၂ မျိုး ပါလာပြီး Blue Light ကို လျှော့ချပေးတဲ့ စံနှုန်း ထည့်သွင်းထားပါတယ်။

Redmi Pad SE 8.7 4G

MediaTek Helio G85 Processor မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ 6,650mAh Battery ပါလာပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ စတီရီယို စပီကာ ၂ လုံး ပါလာပြီး Dolby Atmos ထောက်ပံ့ထားပါတယ်။ WiFi 5 , Bluetooth 5.3 , FM Radio , Dual SIm Support နဲ့ နားကြပ်ပေါက် ပါပါတယ်။

Redmi Pad SE 8.7 4G

တက်ဘလက်ရဲ့ အထူက ၈.၈ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၃၇၃ ဂရမ် ရှိပါတယ်။ Viewing Angle ကို ချိန်ညှိနိုင်တဲ့ Cover ထည့်သွင်းပေးထားပါတယ်။

Redmi Pad SE 8.7 အတွက် Graphite Gray , Aurora Green နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားပြီး WiFi မော်ဒယ်ကို ၁၃၉ ယူရိုနဲ့ 4G မော်ဒယ်ကို ၁၇၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gizmochina