၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S23 Series ကို တရားဝင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S23 Series ဟာ မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ သတင်းတွေကလည်း ဆက်တိုက်ကို ပေါက်ကြားနေပြီဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး Leakster, Ice Universe ကနေ Galaxy S23 Series ရဲ့ အကောင်းဆုံးဖုန်းဖြစ်လာမယ့် S23 Ultra ရဲ့ သတင်းတစ်ခုကို ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရတော့ Galaxy S23 Ultra ရဲ့ Camera ဟာ Night Mode အပိုင်းမှာ သိသိသာသာကိုအဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။

Samsung Galaxy S23 Ultra ဖုန်းဟာ 200MP Camera ကို ပြောင်းလဲအသုံးပြုလာဦးမှာမဟုတ်ဘဲ ယခင်နှစ်တုန်းကလိုမျိုးပဲ 108MP Camera ကိုပဲ အဓိကအနေနဲ့ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် Camera ပိုင်းအဆင့်မြှင့်တင်မှုတွေဟာ Megapixels ပိုင်းထက် Camera Sensor နဲ့ Software Optimization ပိုင်းကို အဓိကပြုလုပ်ထားပုံရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Samsung ကနေ ညဘက်ရိုက်ကူးမှုတွေအတွက် အများဆုံး ဓါတ်ပုံ ၃၀ အထိ ဆက်တိုက်ရိုက်ကူးပြီး အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံတစ်ပုံအဖြစ် ထုတ်ပေးနိုင်တဲ့ Nightography Feature ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီအတွက် S23 Ultra ဟာ အဆိုပါ Nightography Feature ကိုပဲ အဆင့်မြှင့်တင်ထားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S23 Ultra ဖုန်းဟာ Overclock ပြုလုပ်ထားတဲ့ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 120Hz 6.8″ QHD+ AMOLED Display ၊ RAM 12GB နဲ့ 512GB Storage အပြင် S Pen ကိုလည်း ထောက်ပံ့ထားမှာဖြစ်တာကြောင့် ဒီနှစ်အတွက်အကောင်းဆုံး Android Flagship ဖုန်းဖြစ်လာနိုင်ပါတယ်။

Ref – Phone Arena