နာမည်ကြီး အနာဂတ် ဟောကိန်းထုတ်သူ Ray Kurzweil က Nanotechnology ရဲ့ အစွမ်းထက်ပုံကို ပြောဆိုလိုက်ပါတယ်။ သူက Nanotechnology ကြောင့် လူသားတွေ မကြာခင်မှာ နှစ်ပေါင်း ၁,၀၀၀ အထိ အသက်ရှင်နိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Futurist Ray Kurzweil Predicts Humans Will Be Immortal by 2030

သူ့ရဲ့ စာအုပ် အသစ် “The Singularity is Nearer” မှာ သူက အလွန် အရွယ်အစားသေးငယ်တဲ့ ဆေးသိပ္ပံ Nanorobots တွေဟာ လူသားတွေရဲ့ ခန္တာကိုယ်ထဲက ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးနိုင်ပြီး ကိုယ်တွင်း အင်္ဂါတွေရဲ့ စွမ်းရည်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။

Is Age Reversal Really Possible? | Invigor Medical

တချို့ ပညာရှင်တွေက လူသားတွေ ဒီလောက်နှစ်အကြာကြီး အသက်ရှင်နိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို ဖော်ပြကြပေမယ့် Kurzweil ကတော့ Biotechnology နဲ့ AI ဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တယ်လို့ ပြောနေပါတယ်။ သူ့ရဲ့ စိတ်ကူးက ဘီလီယမ်ပေါင်းများစွာ ရှိတဲ့ Nanobots တွေဟာ လူ့ ခန္တာကိုယ်ကို ကုသပေးနိုင်ပြီး အသက် ထောင်ကျော် ရှည်နိုင်တယ်လို့ ဆိုပါတယ်။

နာမည်ကြီး အနာဂတ် ဟောကိန်းထုတ်သူ Ray Kurzweil ကတော့ သူ့ရဲ့ ဟောကိန်းကို ကြေညာထားပြီ ဖြစ်ပါတယ်။ သူ ပြောသလိုပဲ မကြာခင် အနာဂတ်မှာ လူသားတွေ အသက်ထောင်ကျော် ရှည်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : tech explorers