[Unicode]

ဒီနှစ်ထွက်မယ့် အနည်းဆုံး iPhone ၂ လုံးမှာ 6GB RAM ပါမယ်လို့ သတင်းထွက်လာပါတယ်။ တခြား မော်ဒယ် ၂ လုံးမှာ 4GB RAM ပဲလာမယ်လို့ ထင်ပါတယ်။ UBS ရဲ့ လေ့လာဆန်းစစ်သူ Timothy Arcuri နဲ့ Munjal Shah က အောက်ပါ Configuration အတိုင်းထွက်လာမယ်လို့ ပြောပါတယ်။

• 6.7-inch iPhone: 3D sensing ပါတဲ့ ကင်မရာ ၃ လုံးနဲ့ 6GB of RAM
• 6.1-inch iPhone: 3D sensing ပါတဲ့ ကင်မရာ ၃ လုံးနဲ့ 6GB of RAM
• 6.1-inch iPhone: ကင်မရာ ၂ လုံးနဲ့ 4GB of RAM
• 5.4-inch iPhone: ကင်မရာ ၂ လုံးနဲ့ 4GB of RAM


ဒီ ခန့်မှန်းချက်ဟာ နိုဝင်ဘာလက ထွက်ခဲ့တဲ့ Barclay ရဲ့ လေ့လာဆန်းစစ်သူနဲ့ တူနေပါတယ်။ Barclay ရဲ့ လေ့လာဆန်းစစ်သူက ၂၀၂၀ ထုတ် စွမ်းရည်အမြင့်ဆုံး iPhone 12 Pro မော်ဒယ် ၂ လုံးမှာ 6GB RAM ပါမယ်လို့ ပြောပါတယ်။ ဖုန်း ၄ လုံးစလုံးမှာ OLED မျက်နှာပြင်တွေ ပါမှာ ဖြစ်ပြီး စွမ်းရည် အမြင့်ဆုံး မော်ဒယ်တွေမှာ Samsung က ထုတ်တဲ့ မျက်နှာပြင် သုံးထားမှာပါ။

၂၀၂၀ ထုတ် iPhone တွေမှာ 5G ပါလာမယ်လို့ သတင်းထွက်နေပြီး Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ဒီနှစ်မှာ 5G iPhone အလုံးရေ ၈၀ ကနေ ၈၅ သန်းလောက် ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ စွမ်းရည်နိမ့် မော်ဒယ်တွေမှာ Sub-6GHz 5G နဲ့ စွမ်းရည်မြင့် Pro မော်ဒယ် ၂ လုံးမှာ mmWave 5G ကို ထောက်ပံ့မယ်လို့ ပြောပါတယ်။ iPhone အသစ်တွေကို ဒီနှစ် နှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်တဲ့အတွက် ဒီကြားထဲမှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။

Ref : gsmarena

[Zawgyi]

2020 iPhone ေတြမွာ 6GB RAM ပါလာႏိုင္

ဒီႏွစ္ထြက္မယ့္ အနည္းဆုံး iPhone ၂ လုံးမွာ 6GB RAM ပါမယ္လို႔ သတင္းထြက္လာပါတယ္။ တျခား ေမာ္ဒယ္ ၂ လုံးမွာ 4GB RAM ပဲလာမယ္လို႔ ထင္ပါတယ္။ UBS ရဲ႕ ေလ့လာဆန္းစစ္သူ Timothy Arcuri နဲ႔ Munjal Shah က ေအာက္ပါ Configuration အတိုင္းထြက္လာမယ္လို႔ ေျပာပါတယ္။

• 6.7-inch iPhone: 3D sensing ပါတဲ့ ကင္မရာ ၃ လုံးနဲ႔ 6GB of RAM
• 6.1-inch iPhone: 3D sensing ပါတဲ့ ကင္မရာ ၃ လုံးနဲ႔ 6GB of RAM
• 6.1-inch iPhone: ကင္မရာ ၂ လုံးနဲ႔ 4GB of RAM
• 5.4-inch iPhone: ကင္မရာ ၂ လုံးနဲ႔ 4GB of RAM


ဒီ ခန႔္မွန္းခ်က္ဟာ ႏိုဝင္ဘာလက ထြက္ခဲ့တဲ့ Barclay ရဲ႕ ေလ့လာဆန္းစစ္သူနဲ႔ တူေနပါတယ္။ Barclay ရဲ႕ ေလ့လာဆန္းစစ္သူက ၂၀၂၀ ထုတ္ စြမ္းရည္အျမင့္ဆုံး iPhone 12 Pro ေမာ္ဒယ္ ၂ လုံးမွာ 6GB RAM ပါမယ္လို႔ ေျပာပါတယ္။ ဖုန္း ၄ လုံးစလုံးမွာ OLED မ်က္ႏွာျပင္ေတြ ပါမွာ ျဖစ္ၿပီး စြမ္းရည္ အျမင့္ဆုံး ေမာ္ဒယ္ေတြမွာ Samsung က ထုတ္တဲ့ မ်က္ႏွာျပင္ သုံးထားမွာပါ။

၂၀၂၀ ထုတ္ iPhone ေတြမွာ 5G ပါလာမယ္လို႔ သတင္းထြက္ေနၿပီး Apple အေၾကာင္း ေလ့လာဆန္းစစ္သူ Ming-Chi Kuo က Apple ဟာ ဒီႏွစ္မွာ 5G iPhone အလုံးေရ ၈၀ ကေန ၈၅ သန္းေလာက္ ေရာင္းခ်ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ စြမ္းရည္နိမ့္ ေမာ္ဒယ္ေတြမွာ Sub-6GHz 5G နဲ႔ စြမ္းရည္ျမင့္ Pro ေမာ္ဒယ္ ၂ လုံးမွာ mmWave 5G ကို ေထာက္ပံ့မယ္လို႔ ေျပာပါတယ္။ iPhone အသစ္ေတြကို ဒီႏွစ္ ေႏွာင္းပိုင္းမွာ ေၾကညာမွာ ျဖစ္တဲ့အတြက္ ဒီၾကားထဲမွာ အဲဒီဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြ ပိုသိလာရမွာပါ။

Ref : gsmarena