The Wall Street Journal က တရုတ်မှာ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အစိုးရဝန်ထမ်းတွေ iPhone နဲ့ နိုင်ငံခြားက Device တွေ ရုံးမှာ အသုံးပြုတာကို ပိတ်ပင်လိုက်တယ်လို့ ပြောပါတယ်။ တရုတ် အစိုးရဟာ နိုင်ငံခြားက နည်းပညာတွေကို မှီခိုနေရတာကို လျှော့ချဖို့နဲ့ အရေးကြီး သတင်းအချက်အလက်တွေ မပေါက်ကြားစေဖို့ အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဒီထက်ပိုကာ ပိတ်ပင်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

China bans government officials from using iPhones for work - report

တရုတ် အစိုးရ ဝန်ထမ်းတွေကို iPhone မှာ အလုပ်ကိစ္စတွေ မလုပ်ဖို့နဲ့ ရုံးကို iPhone မယူဆောင်လာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Report: China bans iPhone use by government officials - GSMArena.com news

Bloomberg News ရဲ့ နောက်ဆက်တွဲ သတင်းအရ တရုတ်ဟာ နည်းပညာ အပိုင်းမှာ မိမိကိုယ်ကို အားကိုးချင်တဲ့အတွက် အခု ပိတ်ပင်မှုကို အစိုးရရဲ့ ကျောထောက်နောက်ခံ အေဂျင်စီတွေနဲ့ တရုတ် နိုင်ငံပိုင် ကုမ္ပဏီတွေအထိ တိုးချဲ့မယ်လို့ သိရပါတယ်။

တရုတ်ဟာ Apple ရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး Apple ရဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်မှု စက်ရုံတွေ တည်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်က Huawei, ZTE နဲ့ Tik Tok တို့ကို ပိတ်ပင်ထားတဲ့အတွက် တရုတ်က အခုလို လက်တုန့်ပြန်တာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena