Samsung က အမေရိကန်မှာ ဇန်နဝါရီလလယ်မှာ Galaxy S24 Unpacked Event ကို ပြုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။

Samsung Galaxy S24 rumors: Expected release date and feature wishlist

ကိုရီးယား မီဒီယာ SBS က အဲဒီ ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့ ပြုလုပ်မယ်လို့ ပြောပါတယ်။ နာမည်ကြီး Tipster Ice Universe ကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပွဲ ကျင်းပမယ်လို့ ပြောထားပါတယ်။

အမေရိကန်နဲ့ တရုတ်မှာ ကြေညာတဲ့ နေ့ရက်တွေ ကွာခြားသွားတာ ဖြစ်နိုင်ပါတယ်။ Samsung ဟာ Semiconductor ရောင်းအားကျနေတဲ့အတွက် Galaxy S24 Series နဲ့ ဝင်ငွေကောင်းအောင် ကြိုးစားနေပါတယ်။

Samsung ဟာ တောင်ကိုရီးယားမှာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ Galaxy S23  FE ကို ရောင်းချမှာ ဖြစ်ပြီး ဝမ် ၈၀၀,၀၀၀ သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားမှာ ရောင်းချတဲ့ ပထမဆုံး Galaxy S FE မော်ဒယ် ဖြစ်ပါတယ်။

Samsung ရဲ့ System LSI ဌာနမှ ဥက္ကဌ Park Yong-in က နောက်နှစ်ထုတ် Galaxy ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ မကြာခင်က အတည်ပြုလိုက်ပါတယ်။

အဲဒီ ဖုန်းတွေက Galaxy S24 Series ဖြစ်ပြီး Park Yong-in က ဂြိုလ်တု ဆက်သွယ်ရေး ရဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီလို့ ပြောပါတယ်။

ဒါဟာ  Exynos Modem 5300 ရဲ့ အပြန်အလှန် ဆက်သွယ်နိုင်တဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့မှုကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena