တိရိစ္ဆာန်တွေဟာ တောင်ကုန်း၊ တောလမ်း စတဲ့ မညီညာတဲ့ နေရာတွေမှာ လျှင်မြန်စွာ လှုပ်ရှားသွားလာနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အခုတော့ Queensland နည်းပညာ တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက တိရိစ္ဆာန်တွေရဲ့ ဦးနှောက်ကို အတုယူကာ စမတ်ကျတဲ့ စက်ရုပ်တွေကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။ အင်းဆက်နဲ့ တိရိစ္ဆာန်တွေရဲ့ သွားလာလှုပ်ရှားပုံကို လေ့လာကာ စက်ရုပ်တွေအတွက် အဆင့်မြင့် Navigation System တစ်ခုကို ဖန်တီးလိုက်ပါတယ်။
Somayeh Hussaini ဦးဆောင်တဲ့ အဲဒီ သုတေသန အဖွဲ့ဟာ တိရိစ္ဆာန်တွေရဲ့ ဦးနှောက်က သတင်းအချက်အလက်တွေကို အသုံးပြုပုံကို တုပထားတဲ့ Spiking Neural Networks (SNNs) ကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ စွမ်းအင် အသုံးပြုမှုကို လျှော့ချပေးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် လျှင်မြန်စွာ လှုပ်ရှားသွားလာဖို့ အကန့်အသတ်ရှိတဲ့ စက်ရုပ်တွေအတွက် အဆင်ပြေပါတယ်။ ဒီနည်းပညာ ထည့်သွင်းထားတဲ့ စက်ရုပ်တွေဟာ အာကာသစူးစမ်းလေ့လာရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးဝင်ပါတယ်။ ဒီနည်းပညာကို စွမ်းအင် နည်းတဲ့ စက်ရုပ်မှာ အောင်မြင်စွာ စမ်းသပ်ပြီးပြီ ဖြစ်ပြီး အလားအလာကောင်းတွေ ရရှိထားပါတယ်။
တီထွင်သူတွေက “ ဒါဟာ တိရိစ္ဆာန်တွေရဲ့ ဇီဝဗေဒကို အတုယူထားတာ ဖြစ်ပြီး တစ်နေ့မှာ စက်ရုပ်တွေအတွက် အကောင်းဆုံး Navigation System ဖြစ်လာမှာပါ။ “ လို့ ပြောပါတယ်။
Ref : Technology Innovation