Robot Era ရဲ့ စွမ်းရည်မြင့် Star 1 လူတူစက်ရုပ်ဟာ တရုတ်မှ ဂိုဘီ သဲကန္တာရ အပြေးပြိုင်ပွဲမှာ အနိုင်ရသွားပြီး လူတူစက်ရုပ်တွေရဲ့ စွမ်းရည်မြင့်မားမှုကို ပြသလိုက်နိုင်ပါတယ်။ Star 1 ဟာ အရပ် ၅.၆ ပေ မြင့်မားပြီး အလေးချိန် ၁၄၃ ပေါင် ရှိပါတယ်။ ၁ နာရီကို ၈ မိုင်အမြန်နှုန်းနဲ့ ပြေးနိုင်ပြီး လူသားတွေထက် ပိုမြန်ပါတယ်။ အခု သဲကန္တာရ အပြေးပြိုင်ပွဲဟာ လူတူစက်ရုပ်တွေရဲ့ သဘာဝပတ်ဝန်းကျင်မှာ စွမ်းရည်မြင့်မားတယ်ဆိုတာ သက်သေပြသနေပါတယ်။

Watch: Sneaker-wearing humanoid beats barefoot bot on Gobi fun run

Star 1 လူတူစက်ရုပ်မှာ မော်တာတွေ တပ်ဆင်ထားပြီး AI Computing Power က 275 tops အထိ ရှိပါတယ်။ စက်ရုပ်ဟာ ကိုယ်နေဟန်ထားနဲ့ အမြန်နှုန်းကို ထိန်းထားကာ မညီညာတဲ့ မြေပြင်တွေမှာ သွားလာနိုင်သလို တောင်တက်နိုင်ပါတယ်။ Robot Era က နေအိမ်နဲ့ လုပ်ငန်းခွင်မှာ လူတူစက်ရုပ်တွေကို အသုံးချနိုင်ဖို့ ကြိုးစားနေပါတယ်။

Robot Era ကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ တည်ထောင်ခဲ့ပြီး လူတူစက်ရုပ် နယ်ပယ်မှာ လျှင်မြန်စွာ ထိပ်တန်းအဆင့်ရောက်လာပါတယ်။ လူတူစက်ရုပ်  လောကမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး Tesla, Figure , Unitree နဲ့ Fourier တို့ ကြီးစိုးထားကြပါတယ်။  သဲကန္တာရ အပြေးပြိုင်ပွဲမှာ Star 1 ရဲ့ စွမ်းဆောင်ရည်ဟာ လူတူစက်ရုပ်တွေ အဆင့်မြင့်မားလာမှုကို ပြသနေပါတယ်။

Ref : Tech Explorers