အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) အဖြစ် အယောင်ဆောင်ထားတဲ့ လိမ်လည်သူတစ်ဦးဟာ AI နည်းပညာဖြင့် ဖန်တီးထားတဲ့ အသံမက်ဆေ့ချ်တွေ၊ စာတွေကို နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် အဆင့်မြင့်အရာရှိတွေဆီ ပေးပို့ခဲ့တယ်လို့ အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်အရာရှိတွေကို ပစ်မှတ်ထားတဲ့ နောက်ဆုံးပေါ် အယောင်ဆောင် တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

AI voice impersonated Marco Rubio in messages to high-level officials: State Department

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေးနန်းစာအရ အမည်မသိ လိမ်လည်သူဟာ “သတင်းအချက်အလက်တွေ ဒါမှမဟုတ် အကောင့်တွေကို ရယူဖို့” ရည်ရွယ်ချက်နဲ့ သြဇာကြီးတဲ့ အရာရှိတွေကို လှည့်ဖြားဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲပါ စာအရ လိမ်လည်သူဟာ အနည်းဆုံး နိုင်ငံခြားရေးဝန်ကြီး ၃ ဦး၊ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးကို စာတိုပေးပို့တဲ့စနစ်နဲ့ Signal လို လုံခြုံရေးမြင့်တဲ့ အက်ပလီကေးရှင်းကနေ ဆက်သွယ်ခဲ့ပါတယ်။

ဇွန်လလယ်ပိုင်းမှာ လိမ်လည်သူဟာ “[email protected]” ဆိုတဲ့ နာမည်နဲ့ Signal အကောင့်တစ်ခု ပြုလုပ်ပြီး အရာရှိတွေကို ဆက်သွယ်ခဲ့တာပါ။ “အနည်းဆုံး ပစ်မှတ်ထားခံရသူ နှစ်ဦးဆီကို Signal ကနေ အသံမက်ဆေ့ချ်တွေ ချန်ထားခဲ့ပြီး တစ်ဦးကိုတော့ Signal မှာ ဆက်သွယ်ဖို့ ဖိတ်ခေါ်တဲ့ စာတိုတစ်စောင် ပို့ခဲ့တယ်” လို့  ဖော်ပြထားပါတယ်။

AI impostor poses as Rubio to contact US, foreign officials - India Today

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဝန်ကြီးဌာနအနေနဲ့ သတင်းအချက်အလက် လုံခြုံရေးကို အလေးအနက်ထားပြီး နောက်ထပ် ဒီလိုမဖြစ်အောင် ဆိုက်ဘာလုံခြုံရေးကို အမြဲတိုးမြှင့်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

ဈေးသက်သာပြီး အသုံးပြုရလွယ်ကူတဲ့ AI အသံတုနည်းပညာတွေ ပျံ့နှံ့လာတာနဲ့အမျှ နာမည်ကြီးသူတွေနဲ့ နိုင်ငံရေးသမားတွေကို အသရေဖျက်ဖို့နဲ့ အယောင်ဆောင်ဖို့ အသံအတု (Audio Deepfakes) တွေ အသုံးပြုလာမှာကို သုတေသီတွေက စိုးရိမ်နေကြပါတယ်။ မနှစ်ကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အသံအတုနဲ့ နယူးဟမ်ရှိုင်းယား ပြည်နယ်က မဲဆန္ဒရှင်တွေကို မဲမထည့်ဖို့ တိုက်တွန်းတဲ့ ဖုန်းခေါ်ဆိုမှု (Robocall) တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် AI နည်းပညာတွေအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်ခဲ့ပါတယ်။

Ref: Bangkokpost