ShrimpApplePro က iPhone 15 နဲ့ 15 Plus မှာ ကင်မရာ Bump အသစ်ပါလာမယ်လို့ တွစ်တာမှာ သတင်းပေးထားပြီး အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ မပြောဘဲ ကွန်းမန့်တွေမှာ ဆွေးနွေးမှုများစွာ ရှိနေပါတယ်။

iPhone 15 နဲ့ 15 Plus မှာ လက်ရှိ Pro မော်ဒယ်တွေက 48MP ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး မတူညီတဲ့ ကင်မရာ Bump ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ကင်မရာ Bump အသစ်ရဲ့ ဒီဇိုင်းကိုလည်း ပြောင်းလဲ ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။

iPhone 15: Warum sich das Warten wirklich lohnt - Macwelt

iPhone 15 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၁ လက်မ ကနေ ၆.၇ လက်မအတွင်း ရှိနိုင်ပြီး Dynamic Island နဲ့ USB-C Port ပါလာနိုင်ပါတယ်။ Pro မော်ဒယ်တွေအတွက် ၆.၁ လက်မ iPhone 15 Pro ၊ ပိုကြီးတဲ့ iPhone 15 Pro Max နဲ့ iPhone 15 Ultra ထုတ်လုပ်ထားနိုင်ပါတယ်။

Apple က iPhone 15 Series ကို ကြေညာဖို့ ၇ လ လိုသေးတဲ့အတွက် တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်များစွာ ထွက်ပေါ်လာနိုင်ပါသေးတယ်။

Ref : gsmarena