ရုရှား မီဒီယာ Channel တွေကို Google က YouTube မှာ ပိတ်ပင်ထားတဲ့အတွက် ရုရှားက ဒတ်စတော့ ကွန်ပြူတာတွေမှာ YouTube Speed ကို နှေးအောင် ပြုလုပ်မှာပါ။ ရုရှား နဲ့ အမေရိကန်တို့ တင်းမာမှု မြင့်မားနေချိန်မှာ အခု ဆုံးဖြတ်ချက် ထွက်လာတာပါ။

The Throttling Of YouTube: Kremlin Censorship Enters Uncharted Waters

ရုရှား ဥပဒေပြု အမတ် Alexander Khinshtein က “ ရုရှားမှာ Google ရဲ့ စက်ပစ္စည်းတွေကို အဆင့်မြှင့်ဖို့ ပျက်ကွက်တဲ့အတွက် အခုလို Speed ကို လျှော့ချမှာ ဖြစ်ပါတယ်။ Google ဟာ ရုရှားရဲ့ Content Moderation တောင်းဆိုချက်ကိုလည်း မဖြည့်ဆည်းပေးပါဘူး။ အဲဒီအတွက် YouTube Speed ကို နောက်တစ်ပတ်က စတင်ကာ ၇၀ ရာခိုင်နှုန်း လျှော့ချမှာပါ။ “ လို့ ပြောပါတယ်။

YouTube Ad Blocker Detection Scripts

ရုရှားရဲ့ ဆက်သွယ်ရေး အရာရှိ Roskomnadzor က “ Google ဟာ ရုရှား အခြေခံအဆောက်အဦးတွေကို လျစ်လျူရှုထားတဲ့အတွက် ကုမ္ပဏီရဲ့ ဒေတာ စင်တာတွေအတွက် ငွေကြေးပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။

Google က အကြမ်းဖက်မှုတွေ ပါတဲ့အတွက် ရုရှား နိုင်ငံပိုင် မီဒီယာတွေနဲ့ ပတ်သက်တဲ့ Channel တွေကို ၂၀၂၂ ခုနှစ် မတ်လမှာ ပိတ်ပင်ခဲ့ပြီး ၂ နိုင်ငံအကြားမှာ တင်းမာမှု မြင့်မားခဲ့ပါတယ်။ ရုရှားကလည်း တန်ပြန် ပိတ်ပင်တာနဲ့ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေကို နှေးအောင် လုပ်တာတို့နဲ့ တုန့်ပြန်ခဲ့ပါတယ်။

Ref : gizmochina