ရုရှားဟက်ကာတွေဟာ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ကွန်ပျူတာကွန်ရက်ထဲကို ဝင်ရောက်ဖို့ကြိုးစားနေကြတယ်လို့ USA Government Agencies က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဟက်ကာတွေဟာ အဆိုပါကွန်ရက်ထဲက အချက်အလက်တချိူ့ကိုလည်း ခိုးယူပြီးဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဟက်ကာအုပ်စုဟာ Berserk Bear ဒါမှမဟုတ် Dragonfly ဆိုတဲ့နာမည်နဲ့ ဖြစ်တယ်လို့ အမေရိကန်အေဂျင်စီရဲ့ သုတေသီတွေက ပြောဆိုကြောင်း၊ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဟက်ကာတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဒေသတွင်း၊ လူမျိုးစု၊ အရန်ကြည်းတပ် စတဲ့အချက်အလက်တွေကိုလည်း ခိုးယူဖို့ကြိုးစားခဲ့တယ်လို့ဆိုပေမယ့် တိကျတဲ့စာရင်းကိုတော့ မဖော်ပြနိုင်သေးပါဘူး။

FBI နဲ့ Homeland Security Dept တို့ကတော့ ဒီကမ်ပိန်းကို ရုရှားရဲ့ထောက်ပံ့မှုနဲ့ သရုပ်ဆောင်တစ်ဦးလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကတည်းက အမေရိကန်ကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ လုံခြုံရေးအားနည်းချက်ကို အသုံးချပြီး အစိုးရဌာနနှစ်ခုရဲ့ အချက်အလက်တွေကို ခိုးယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ John Ratcliffe ကတော့ ရုရှားနဲ့ အီရန်တို့ဟာ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ရုရှားဟာ မဲဆန္ဒရှင်တွေရဲ့ သတင်းအချက်အလက်အနည်းငယ်ကိုရရှိထားပြီးဖြစ်ကြောင်း၊ အီရန်ကလည်း သုံးစွဲသူတွေ စိတ်ရှုပ်ထွေးစေမယ့် Spoof email တွေ ပို့နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း ဟက်ကာတွေဟာ ရုရှားစစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့ကြကြောင်း၊ အမေရိကန်ဒီမိုကရက်တစ်နဲ့ အခြားနိုင်ငံရေးဆိုင်ရာ အထင်ကရပုဂ္ဂိုလ်တွေရဲ့ email တွေကို ဝင်ရောက်ကြည့်ရှုခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အမေရိကန်အေဂျင်စီက ဆိုပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တိုက်ခိုက်မှုဟာ ရွေးကောက်ပွဲကို၊ ဒါမှမဟုတ် အမေရိကန်စီးပွားရေးကို နှောင့်ယှက်ခြင်း၊ ဟုတ်မဟုတ်ကိုတော့ အတိအကျ ပြောဆိုခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

Ref: Gizmochina