ယူကရိန်းနဲ့ စစ်ပွဲ စတင် ဖြစ်ပွားပြီးကတည်းက ရုရှားမှာ ပြောင်းလဲမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကန် ကုမ္ပဏီတွေ ထွက်ခွာသွားပြီးနောက် ရုရှား စမတ်ဖုန်း ဈေးကွက်မှာ ပြောင်းလဲမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရပြီး တရုတ် ဖုန်း ကုမ္ပဏီတွေ အုပ်စိုးလာပါတယ်။

Russian smartphone market

ရုရှား မီဒီယာ Kommersant က MTS ဒေတာတွေကို ကိုးကားကာ တရုတ် ဖုန်း ကုမ္ပဏီတွေဟာ Apple နဲ့ Samsung ထက် ရုရှား စမတ်ဖုန်း ဈေးကွက်မှာ ပိုနာမည်ကြီးလာတယ်လို့ ပြောပါတယ်။ ဒေတာတွေအရ ဇူလိုင်လမှာ Xiaomi ( POCO အပါအဝင်) ဟာ ရုရှား ဖုန်းဈေးကွက်မှာ ဦးဆောင်သူ ဖြစ်လာပါတယ်။

The average price of Xiaomi smartphones increased on average by 11,8%

ဇူလိုင်လမှာ Xiaomi နဲ့ POCO တို့ဟာ ရုရှား စမတ်ဖုန်း ဈေးကွက်ရဲ့ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ နံပါတ် ၂ နေရာကို realme က ၁၇ ရာခိုင်နှုန်းနဲ့ သိမ်းပိုက်ထားပြီး အရင်လရဲ့ ၁၃.၄ ရာခိုင်နှုန်းထက် တိုးတက်လာတာပါ။ နံပါတ် ၃ နေရာမှာ Samsung ရှိနေပြီး ဈေးကွက်ဝေစု ၈.၅ ရာခိုင်နှုန်း ရထားကာ အရင်လရဲ့ ၁၀.၉ ရာခိုင်နှုန်းထက် ကျဆင်းခဲ့ပါတယ်။ Tecno က ၇.၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ နေရာ၊ Apple က ၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၅ နေရာကို ရထားပါတယ်။ Apple ဟာ ဇွန်လက ၉.၇ ရာခိုင်နှုန်းထက် နည်းပါးသွားတာပါ။

MTS ဒေတာတွေအရ ရုရှားမှာ ဇူလိုင်လအတွင်း ဒေါ်လာ သန်း ၅၉၀ တန်ကြေးရှိတဲ့ စမတ်ဖုန်း အလုံးရေ ၂.၃ သန်း ရောင်းချနိုင်ခဲ့ပြီး ဖုန်း ၁ လုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၂၅၉ ဒေါ်လာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref : gizchina