မြန်မာ ငွေကျပ် ၂၉၇,၀၀၀ မှ စတင်သည့် line-up အသစ်ဖြစ်သော TU series TV များကို အဆင့်မြင့်ဖျော်ဖြေရေးအတွေ့အကြုံများ ခံစားနိုင်ရန် Samsung မှ ကြည့်ရှုသူတို့ရှေ့မှောက်ယူဆောင်လာပေးတော့မည်။

Samsung Electronics က ယခုအချိန်မှစတင်၍ မြန်မာနိုင်ငံတွင် Smart TVများ၊ Crystal 4K UHD TV များ၊ QLED 4K နှင့် 8K TV များအထိ တိုးချဲ့ကာ စုံလင်သော Full TV Line-up အဖြစ်မိတ်ဆက် လိုက်ပါသည်။ဤသို့မိတ်ဆက်ခြင်းအားဖြင့် အဆင့်မြင့်နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသော စွမ်းအင်ချွေတာသည့် TV များဖြင့် မိမိတို့ ဘဝနေထိုင်မှု အဆင့်အတန်းကိုမြှင့်တင့်ရန် ဆန်ဒရှိသော သုံးစွဲသူများအတွက် အကြိုက်တွေ့စေမည်။ Samsung TV များသည် ကန့်သတ်မှု မရှိသော ဘဝနေထိုင်မှုအတွေ့အကြုံသစ်ကို ပေးစွမ်းသွားမည်။

မျက်နှာပြင် အရွယ်အစား အမျိုးမျိုး နှင့် ဈေးနှုန်းများ စုံလင်စွာ ရှိသော ၂၀၂၀ ခုနှစ်အတွက် TV Line-up များသည် မြန်မာနိုင်ငံ၏ အသက်အရွယ်မရွေး၊ လူနေမှုဘဝပုံစံမ‌ရွေး လူတစ်ဦးချင်းစီတို့၏ နေအိမ် သို့မဟုတ် ရုံးခန်းအတွက် လိုအပ်ချက်များကို ထပ်တူ ပံ့ပိုးပေးနိုင်သည်။

၁၄နှစ်ဆက်တိုက် ကမ္ဘာလုံးဆိုင်ရာ အဆင့်တစ် ဖြစ်သည့် အလျောက် Samsung TV များသည် ကြည့်ရှု သုံးစွဲသူ များအတွက် မိမိတို့ ကိုယ်ပိုင်အနားယူချိန်တွင်ဖြစ်စေ ချစ်မြတ်နိုးရသော သူများနှင့်ဖြစ်စေ အေးချမ်းသော စိတ်ထွက်ပေါက်ကို အဆင့်အတန်းမြင့်စွာ ခံစားစေပါမည်။

“Samsung သည် တီထွင်ဆန်းသစ်မှုများ၊ကြည့်ရှုမှုအတွေ့အကြုံအသစ်များကို သုံးစွဲသူများ အားစဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးစွမ်းခဲ့ပါသည်။ သုံးစွဲသူများက ဈေးနှုန်းသင့်တင့်၍ အဆင့်မြင့်သော premium TV များကို လိုလားကြသည်ကိုကျွန်တော်တို့ လေ့လာတွေ့ရှိထားပါသည်။ ဤ TU series မိတ်ဆက်မှုသည် အလုပ်များသော workaholic များ၊ မိမိတို့ကိုယ်ကိုယ်တန်ဖိုးထားသူများ၊ ဖျော်ဖြေရေး အစီအစဉ်များကို ကြိုက်သူများ၊မိသားစုများ အစရှိသော လူနေမှုပုံစံမျိုးစုံအတွက် မည့်သည် လိုအပ်မှုမျိုးကိုမဆို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသည်။” ဟု Samsung Myanmar မှ Head Of Business Group ဖြစ်သော ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။

Crystal 4K UHD

Crystal UHD ကြောင့် ရုပ်ရှင်ကြည့်ရာတွင် ကြည့်ရှုသူများကို အရည်အသွေးမြင့်အရောင်များဖော်ပြပေးနိုင်ခြင်း၊ အရောင်များဟန်ချက်ညီခြင်း၊အလင်းညီမျှခြင်းအားသာချက်များအပြင် အဆင့်မြှင့်တင်ထားသော Samsung ၏ Crystal Technology နှင့် 4K အရည်အသွေး ထိတိုးမြှင့်ပေးနိုင်သည့် AI ကြောင့် 4K resolution ပြတ်သားသောရုပ်သံကို ထုတ်ပေးနိုင်သဖြင့် ရုပ်ရှင်ရုံတွင် ကြည့်ရှုရသည့် အတွေ့အကြုံမျိုးကိုခံစားရစေမည်။ ထို့အပြင် Dual LED backlighting သည် မည်သည့် အလင်းအခြေအနေနှင့် ရှုထောင့်မျိုးတွင် မဆို ပြိုင်ဘက်ကင်း ရုပ်ထွက် အရည်အသွေး ရရှိအောင်ပံ့ပိုးပေးသည်။

နောက်ဆုံးပေါ် Multi-View နည်းပညာပါဝင်မှုကြောင့် အသစ်ထွက်ရှိထားသော TV line-up သည် ဖန်သားပြင်ကို နှစ်ပိုင်းခွဲခြားနိုင်ပြီး သီးခြား volume output control ဖြင့်ဖန်သားပြင်တစ်ခုတည်းတွင် မတူညီသော content နှစ်ခု ကြည့်ရှုနိုင်စေမည်။ Crystal UHD သည် ရုပ်ထွက်ကောင်းမွန်ရုံသာမက သုံးစွဲသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ အသစ်ထည့်သွင်းထားသော function များဖြစ်သည့် Ambient Mode၊ Samsung ၏မူလ feature ဖြစ်သော TV မှ ဓာတ်ပုံပြခန်း သို့မဟုတ်သတင်းစင်တာအဖြစ်သို့ ပြောင်းလဲနိုင်သည့် feature လည်းပါရှိသည်။

QLED

Samsung QLED သည် ကြည့်ရှုသူများကို ၎င်းတို့၏ဧည့်ခန်းထဲမှ ကြီးမားသော ဖန်သားပြင်များကိုဖြတ်ပြီး ကမ်ဘာသစ်တစ်ခုသို့ ရောက်ရှိသွားရန် ဖန်တီးပေးပြီး လက်တွေ့ဘဝ၏ ရုပ်ပုံအရည်အသွေးနှင့် ထပ်တူကျသည့် ရုပ်ထွက်အရည်အသွေးကိုခံစားစေမည်။ ထို့အပြင် မိမိတို့နှစ်သက်သော content များကြည့်ရှုသည့်အခါတွင် ဖန်သားပြင်များမှ အသက်ဝင်လာသည့်သဖွယ် စို၍တောက်ပသောအရောင်များကို အသေးစိတ်ဖော်ပြပေးနိုင်သည်။ အဆင့်မြှင့်တင်ထားသော အရောင်၊အသံနှင့် ရုပ်ထွက်အရည်အသွေးတို့ကြောင့် သူမတူသော ချိုမြိန်ပျော်ရွှင်ဖွယ်ရာ စိတ်အပန်းဖြေမှုတစ်ခုကို ကြီးမားသော ဘောင်မဲ့မျက်နှာပြင် ပေါ်တွင်ရရှိခံစားနိုင်မည်။

Samsung QLED သည် လွန်ခဲ့သော ၄ နှစ်ကတည်းကစ၍ နောက်ဆုံးပေါ်နည်းပညာများဖြင့် စဥ်ဆက်မပြတ်တိုးတက်ပြောင်းလဲလာလျက်ရှိပြီး ယခုနှစ်တွင်လည်း 8K feature များနှင့် ထပ်မံ၍ ဆန်းသစ်ထားသည်။ မမြင်ရလုနီးပါးသေးငယ်သော bezel ပါဝင်သည့် Infinity Screen သည် screen to body ratio ၉၉%ရှိသောကြောင့် TV ကြည့်ရှုသည့်အခါတွင် အပြည့်အဝကြည့်ရှုခံစားနိုင်စေသည်။ ထို့အပြင် AI 8K upscale သည်လည်း အရည်အသွေးနိမ့်ရုပ်ပုံများကို 8K level resolution အဖြစ်သို့ ချောမွေ့စွာ ပြောင်းလဲပေးနိုင်သည်။

8K TV သည် ကြည့်ရှုသူတိုင်းအား pixel ပေါင်း ၃၃ သန်းစီရှိသာ frame တစ်ခုချင်းစီ၏ အဆုံးမဲ့ ကြည်လင်မှုကိုခံစားရစေမည်ဖြစ်ပြီး 4K resolution ထက်လေးဆ ပိုမိုကြည်လင်ပြတ်သားစွာ ပုံဖော်ပေးနိုင်သည်။ စွမ်းဆောင်ရည်မြင့်မားသော 8K အဆင့်မြင့် processor သည် Quantum Processor 8K ၏ပံ့ပိုးမှုဖြင့် အသုံးပြုသူများ၏ ပတ်ဝန်းကျင်နှင့် လိုက်ဖက်သော အကောင်းဆုံး အသံနှင့် ရုပ်ပုံအရည်အသွေးကို ပံ့ပိုးပေးရန်အတွက် အလိုအလျောက် ညှိယူပေးနိုင်သည်။အများနှင့်မတူသော ဒီဇိုင်း၊အပြင်အဆင်တို့အား နှစ်သက်လေ့ရှိသည့် သုံးစွဲသူများအတွက် Samsung QLED 8K တွင်နေအိမ်အပြင်အဆင်နှင့် သဟဇာတဖြစ်ရန် နံရံနှင့် TV ကွာဟချက်မရှိဘဲ သေသပ်စွာထိကပ်နေသည့် homing bracket ပါဝင်သည်။လူနေမှုပုံစံဗဟိုပြု ဒီဇိုင်းဖြစ်သည့် QLED TV သည် သုံးစွဲသူများ၏ နေအိမ်အတွက် အလိုက်ဖက်ဆုံး အရာတစ်ခုဖြစ်စေသည်။

စျေးနှုန်းနှင့်ရရှိနိုင်သောနေရာများ

အဆိုပါ 2020 TV စီးရီးများကို Samsung ၏တရားဝင်အရောင်းပြခန်းများတွင်ရရှိနိုင်ပါမည်။ Smart TV မော်ဒယ်များသည် ၃၂ လက်မ (၈၀ စင်တီမီတာ) မှ ၈၅ လက်မ (၂ မီတာ ၁၅ စင်တီမီတာ) အထိအရွယ်အစားစုံလင်သည်။

QLED 4K TV ကို ၅၅ လက်မ၊ ၆၅ လက်မ၊ ၇၅ လက်မနှင့် ၈၅ လက်မအရွယ်အစားအမျိုးမျိုးဖြင့်ရရှိနိုင်မည်ဖြစ်ပြီးကျပ် ၉၄၉,၀၀၀ မှကျပ် ၈,၄၉၀,၀၀၀ အထိရှိသည်။ တစ်ချိန်တည်းမှာပင် QLED 8K TV ကိုအရွယ်အစားအမျိုးမျိုး – ၅၅ လက်မ၊ ၆၅ လက်မ၊ ၇၅ လက်မ၊ ၈၂ လက်မနှင့် ၈၅ လက်မအရွယ်အစား – MMK ၄,၄၉၀,၀၀၀ မှကျပ် ၂၁,၁၉၀,၀၀၀ အထိရနိုင်သည်။တီဗီအမျိုးအစားအသစ်များသည်တစ်နှစ်တိတိအာမခံပါရှိပါမည်။Samsung သည် ၎င်း၏သုံးစွဲသူများအတွက် QLED TVs၊ Crystal 4K UHD တီဗီ များဝယ်ယူသောအခါတွင် အခမဲ့ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကိုပါ ထည့်သွင်းပေးထားသည်။

လွန်ခဲ့သောလများက Samsung သည်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချရန်အတွက် Lifestyle TV ထုတ်ကုန်အဖြစ် သဘာ၀ပတ်ဝန်းကျင်နှင့်ကိုက်ညီမှုရှိသည့် ထုပ်ပိုးမှုအသစ်တစ်ခုကိုလည်းမိတ်ဆက်ခဲ့သည်။

Source – SAMSUNG