Google က Circle to Search AI Feature ကို Pixel တွေအတွက် မကြေညာခင် ဇန်နဝါရီလမှာ Samsung က အဲဒီ Feature ကို Galaxy S24 Series အတွက် ကြေညာခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ AI နယ်ပယ်မှာ တော်တော် ပူးပေါင်းထားတာ သေချာပါတယ်။
Our collaboration with @Google continues as we work towards a shared vision of delivering the best Android ecosystem of products and services. Exciting things are coming up for the future of AI-powered Android and Galaxy experiences. https://t.co/QNvFEiSq9u
— Samsung Mobile (@SamsungMobile) April 25, 2024
အနာဂတ်မှာ ကုမ္ပဏီ ၂ ခုဆီကနေ AI Feature တွေ ပိုမိုထွက်လာနိုင်ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ Android မောင်းနှင်ထားတဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် AI Feature အသစ်တွေကို ဖန်တီးနေကြပါတယ်။
Samsung Mobile အကောင့်နဲ့ Google ရဲ့ Platforms and Devices ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ Rick Osterloh တို့က X မှာ အဲဒီ အကြောင်းကို ပို့စ်တင်ထားပါတယ်။ Rick Osterloh ဟာ Samsung Electronics ရဲ့ ဥက္ကဌ TM Roh နဲ့ တွေ့ဆုံထားပါတယ်။
Osterloh က Samsung နဲ့ Google တို့ရဲ့ ပူးပေါင်းမှုဟာ အခုအချိန်မှာ အားအကောင်းဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။
Samsung က ကုမ္ပဏီ ၂ ခုဟာ အကောင်းဆုံး Android Ecosystem ကို အတူတကွ ပူးပေါင်း ဖန်တီးနေတယ်လို့ ပြောပါတယ်။ AI စွမ်းရည်ပါတဲ့ Android နဲ့ Galaxy Experience တွေလာမယ်လို့ ပြောပါတယ်။
Ref : gsmarena