Samsung ဟာ အရင်နှစ်က Galaxy S22 Ultra Mercedes Benz Edition ကို ရောင်းချခဲ့ပြီး ဒီနှစ်မှာလည်း နောက်ထပ် ဂျာမနီ ကားထုတ်လုပ်သူ BMW နဲ့ ပူးပေါင်းကာ Galaxy S23 Ultra BMW M Edition ကို ကြေညာလိုက်ပါတယ်။

Samsung Galaxy S23 Ultra BMW M Edition unveiled in South Korea - SamMobile

ဒါပေမယ့် အဲဒီ ဖုန်းကို တောင်ကိုရီးယားမှာပဲ ရောင်းချမှာ ဖြစ်ပြီး အလုံးရေ ၁,၀၀၀ ပဲ ထုတ်လုပ်မှာပါ။ တောင်ကိုရီးယားမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မတိုင်ခင်အထိ ဝမ် ၁,၇၂၇,၀၀၀ (၁,၃၆၆ ဒေါ်လာဝန်းကျင်) နဲ့ 12/512GB Version ကို ဝယ်ယူနိုင်ပါတယ်။ နှိုင်းယှဉ်ရရင် အဲဒီ Memory Capacity ပါတဲ့ ရိုးရိုး S23 Ultra ကို ဝမ် ၁,၆၀၀,၄၀၀ (၁,၂၆၆ ဒေါ်လာဝန်းကျင်)သတ်မှတ်ထားပါတယ်။

Galaxy S23 Ultra BMW M Edition ဟာ ပထမမျိုးဆက် M3 ဖြစ်တဲ့ BMW M3 E30 ကို ရည်ရွယ်ဖန်တီးထားတာပါ။ Package ထဲမှာ BMW Themed Case ၊ BMW တံဆိပ် ၆ ခုလဲလှယ်နိုင်တဲ့ သော့ချိတ် အပါအဝင် BMW အမှတ်တံဆိပ်များစွာ ပါပါတယ်။

ဒါ့အပြင် BMW Branded Cup Holder/Wireless Charger ၊ Analog Clock ၊ Photo Book နဲ့ Poster တွေ ထည့်သွင်းထားပါတယ်။ တောင်ကိုရီးယား၊ အင်ချွန်းက BMW Driving Center မှာ ကားမောင်းသင်နိုင်တဲ့ Starter Pack Voucher လည်း ပါပါတယ်။

ဆော့ဖ်ဝဲအပိုင်းမှာ Custom Boot Animation နဲ့ Theme အပါအဝင် BMW-themed ဆော့ဖ်ဝဲတွေ ထည့်သွင်းထားပါတယ်။ ကြိုတင်မှာယူထားသူတွေကို ဒီလ ၁၇ ရက်နေ့မှာ ရိုးရိုး S23 Series တွေနဲ့အတူ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena